ပံုရိပ္ေယာင္🖤ပုံရိပ်ယောင်

1K 80 0
                                    


Unicode ~~~

ယွန်ဆော့  ရား~ ယွန်ဆော့ ရားး အဲ့ကောင် ကြားရဲ့သားနဲ့ မကြားချင်ယောင်ဆောင်သွားတယ်"
.
.
"ယွန်ဆော့ သား စာအုပ်တွေစုပြီး ရုံးခန်းကို လာပို့ပေးနော်..ယွန်ဆော့ ~ ယွန်ဆော့ရေ ~ အတန်းခေါင်းဆောင်! "

"ဟုတ်"

"ဆရာမကို စာအုပ်တွေလာပို့ပေးလို့ပြောတာ ကြားလား"

"ဟုတ်"

"ဒီခလေးကတော့ ဘာတွေအဲ့လောက် တွေးနေလို့ မကြားရတာလဲ"
.
.
.

"ပြန်ရောက်ပါပြီ"

"သားလေး အဖွားမြေး ယွန်းလေး ပြန်လာပြီလား"

"ဟုတ်"

"လာ အဖွားသားကြိုက်တဲ့ ချောကလတ်ကိတ်ဝယ် ထားတယ် လာစားချည်"

"ဟုတ်"
.
.
အခန်းထဲရောက်တာနဲ့ သွားဘယ်နှစ်ခါတိုက်ပြီး ပလုပ်တ်ဘယ်နှစ်ခါ ကျင်းမိနေလဲ မသိ အဲ့ချောကလတ်ချိုရဲရဲတွေကို ကျွန်တော်တကယ် မကြိုက်ပါ .. မဟုတ်သေးဘူး ကျွန်တော် ချောကလတ်တွေကို မုန်းတယ် ခလေးဘဝကတော့ ကြိုက်ကောင်းကြိုက်ခဲ့ပါလိမ့် မယ် အခုချိန်မှာတော့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့်ကို ရည်ရွယ်ပြီး ကျွေးတဲ့ ချောကလတ် တွေကြောင့် ကျွန်တော် မုန်းနေခဲ့ပြီ
ကျွန်တော့်နာမည်မဟုတ်တဲ့ ကျွန်တော့်နာမည်ကို လူတိုင်းဆီကနေ အခေါ်ခံနေရသလိုပေါ့ ......

>>>

ကျွန်တော်က မိဘမဲ့တစ်ယောက်  ... မိဘမဲ့ခလေးတိုင်း မွေးစားခံချင်တဲ့ ချမ်းသာတဲ့ မိသားစုတစ်ခုကနေ ကျွန်တော် 7နှစ်မှာ မွေးစားခံ ရတယ် သိသိချင်း မှာတော့ မြေပြင်နဲ့ခြေ လွှတ်လု မတက်ပျော်မိတာ နောက်မှ သိရတာက သားသမီး မရှိလို့ ချစ်လို့ခေါ်ယူ မွေးစားခြင်းမဟုတ် ~ ထိုလူချမ်းသာအိမ်ကသားအငယ်ဆုံးပျောက်သွားလို့ အဖွားဖြစ်သူက စိတ်ကျမ်းမာရေးပါ ထိခိုက်သွား တာကြောင့် အဖွားဖြစ်သူကို နှစ်သိမ့်ပေးဖို့ အတွက် အိမ်တော်ကြီးရဲ့ သားအငယ်ဆုံး ဖြစ်သူနဲ့ ခပ်ဆင် ဆင်တူတဲ့ခလေးတစ်ယောက်ကိုဘဲလိုအပ်ခဲ့တာ ~

ငယ်စဉ်ထဲကကိုယ်ကြိုက်တာလုပ်ခွင့်မရှိယွန်ဆော့  ဆိုသူရဲ့ ပုံအတိုင်းသာနေခွင့်ရှိခဲ့တာ စိတ်မကျမ်းမာ တဲ့ အဖွားကို အဖော်ပြုရင်းပေါ့ ~

ပုံရိပ်ယောင်(Unicode+Zawgyi)Where stories live. Discover now