ပံုရိပ္ေယာင္🖤🖤🖤🖤ပုံရိပ်ယောင်

450 66 2
                                    

Unicode#####

"ဂျုံအင်း ဆန်ဘေး ဒီညနေ အလုပ်ပြီးရင် ကမ်းခြေ ဖက်ကို သွားလို့ကြမလား"

"သွားပေါ့ မင်းဘာသာမင်း သွားချင်ရာသွား"

"အဲ့လိုမဟုတ်ဖူးလေ အတူတူပြောတာ ကျွန်တော်တို့ ဒီတစ်ခေါက် အလုပ်ခရီးက အောင်မြင်တယ်လေ အဲ့အတွက် အောင်ပွဲခံ.."

"ငါလုပ်တဲ့ အလုပ်တိုင်း မအောင်မြင်ဖူးဆိုတာ မရှိဖူး"

"အာာာ အဲ့လိုလား.. တော်လိုက်တာ"
.
.
.
"တကယ်ကို စိတ်ပုတ်တဲ့သူ ရုပ်လေးချောပြီး ထူးချွန် တော့ရော ဘာအရေးလဲ အကျင့်မှမ ကောင်းတာ စိတ်လဲ မမှန်ဖူး .. မစားလဲနေပေါ့ ပိုက်ဆံကုန်တောင် သက်သာသေး.. ဟွန့်~"

Booking လုပ်ထားတဲ့ စားသောက်ဆိုင်ရှေ့ ရောက်တော့ မျက်လုံးထောင့်စွန်းကနေ တွေ့လိုက် ရတဲ့ ဆိုင်ကယ် ဒါ ဟိုတစ်ရက် မနက်က ဈေးထဲမှာ အဖွားကို တိုက်မလိုဖြစ်သွားတဲ့ ဆိုင်ကယ် အဲ့နေ့က လိုလိုမယ်မယ် နံပါတ်ပြားကို မှတ်ထားလိုက်တာ

"ကြိုက်လို့လား"

အနောက်နားဆီက ထွက်လာတဲ့ အသံကြောင့် လန့်သွားခါ လှည့်ကြည့်မိတော့ အရပ်ရှည်ရှည် ဆံပင်ဖြူတွေနဲ့လူတစ်ယောက်

"ဘာလဲ"

"ဆိုင်ကယ်လေ ကြိုက်လို့လားလို့.. အဲ့ဒါ့ကိုယ့် ဆိုင်ကယ်.. ကြိုက်ရင် ကမ်းခြေတစ်ပတ်လိုက် စီးမလား"

Deadpool ပုံ သော့ချိတ်နဲ့ ဆိုင်ကယ်သော့ ကို လက်ထဲမှာ လှည့်ကစားရင်းမေးလာတဲ့သူ

"နေပါစေတော့ .. လူသတ်သမား လျောင်းလျာလေးရယ်"

"ဝိုး ဝိုး ဝိုး နေပါဦး မင်းဘာပြောလိုက်တာ"

"လူသတ်သမားလောင်းလျာလို့ပြောလိုက်တာ ဘာဖြစ်လို့လဲ"

"wow ဒါတော့ တကယ်ကို ပလိန်းကြီးနော် ကိုယ်က မင်းဆိုင်ကယ်ကို သဘောကျနေတယ်ထင်လို စေတနာနဲ့ ကမ်းလှမ်းတာ မင်းတုံ့ပြန်ပုံက မဟုတ် သေးဘူးထင်တယ်နော်"

"ဟုတ်တာမှ ဟိုဖက်တောင်လွန်သေး လွန်ခဲ့တဲ့ နှစ်ရက်က ဈေးထဲမှာ အဖွားတစ်ယောက်ကို ဝင်တိုက်မိမလိုဖြစ်တာလေ အဲ့ဒါ ခင်ဗျားဆိုင်ကယ် လေ အဲ့အဖွားကို ကျွန်တော်သာမဆွဲရင် ခင်ဗျား တိုက်မိတယ်"

ပုံရိပ်ယောင်(Unicode+Zawgyi)Where stories live. Discover now