"ယွန်ဆော့yar ဒီနေ့တော့ နားလိုက်ပါလား နေ့တိုင်း သွားနေတာ ပင်ပန်းမှာပေါ့"
"ရပါတယ် အဖွဲ့မူး ကျွန်တော် လေ့လာချင်လို့ပါ"
"ယွန်ဆော့တို့ကတော့ တော်တယ်ကွာ သုံးလပြည့်အောင်တောင် မစောင့်တော့ဘဲ အခုဘဲ အမြဲတမ်းဝန်ထမ်းခန့်လိုက်ချင်ပြီ"
"ကျေးဇူးတင်ပါတယ် အဖွဲ့မူး"
ဂျောင်ဆူး မသိမသာလေး စီနီယာ ဂျုံအင်းကို ကြည့်မိတော့ ကျွန်တော့်ကို ကြည့်နေတာနဲ့ ဆုံတာကြောင့် ကျွန်တော်ကဘဲ အကြည့်လွှဲလိုက်မိတယ် .........
ကျွန်တော် ဘယ်လောက်ဘဲ ကြိုးစားပါစေ ချီးကျူးမယ့်သူမှမဟုတ်ဘဲလေ....................
"ဟမ် စီနီယာ ဂျုံအင်း"
Marketing သွားဖို့ ကားပေါ်ထိုင်စောင့်နေတုန်းတက်လာတဲ့ စီနီယာ ဂျုံအင်းကြောင့် အံ့ဩသွားမိတယ် ဒီတစ်ပတ်က စီနီယာ ဆဲဟွန်း အလှည့်လေ....
"ဘာဖြစ်တာလဲ ငါက မကောင်းဆိုးဝါးလား"
"မဟုတ်ပါဘူး စီနီယာ ဆဲဟွန်းလို့ထင်ထားတာ"
"အဲ့တော့ ငါနဲ့မသွားချင်ဘူးလား ဒါဆို မလိုက်နဲ့ ဆင်း"
ပြောလဲပြော ဂျောင်ဆူးဘေးက တံခါးကိုပါ လှမ်းဖွင့်ပေးလိုက်တဲ့ ဂျုံအင်းကြောင့် ..... ဂျောင်ဆူး တံခါးကို မြန်မြန်ပြန်ဆွဲပိတ်လိုက်ရတယ် စိတ်ကလဲ မြန်လိုက်တာ တော်ကြာကားပေါ်ကပါ တွန်းချလိုက်ရင် ဒုက္ခ...
"မဟုတ်ပါဘူး အံ့ဩသွားလို့ပါ အတူလိုက်ပါရစေ"
အဆူခံရတဲ့ ခွေးပေါက်လေးရုပ်နဲ့ပြောလာတဲ့ ဒိုဂျောင်ဆူးကြောင့် ဂျုံအင်း ကားစက်နိူးခါ စထွက်လိုက်တယ်..
................
"အလုပ်သင် ရော"
"ဒီနေ့လဲ marketing လိုက်သွားပါတယ်"
"ဘာ! မဟုတ်သေးပါဘူး ရှေ့တစ်ပတ်လုံးကလဲ သွားထားပြီးပြီ အခုလဲသွားပြန်ပြီလား ကျွန်တော် မပြောချင်ပေမယ့် ပြောရဦးမယ် လူသစ်ကို မတရားခိုင်းလွန်း နေတာမဟုတ်ဖူးလား"
"အဲ့လို မဟုတ်ပါဘူး ကိုယ်စားလှယ် ပတ်ခ် ... ယွန်ဆော့ကလေ သူ့ဆန္ဒနဲ့သူသွားတာပါ အတွေ့ကြုံလိုချင်လို့ဆိုပြီးတော့ပါ"
YOU ARE READING
ပုံရိပ်ယောင်(Unicode+Zawgyi)
Fanfictionကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~U ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~Z