ပံုရိပ္ေယာင္🖤5🖤ပုံရိပ်ယောင်

515 79 14
                                    

Unicode#####
"Cheers!!! ကဲကဲ ဂျုံအင် နဲ့ ယွန်ဆော့ နှစ်ယောက်လုံး ပင်ပန်းသွားကြပြီ"

အဖွဲမူးစီစဉ်တဲ့ ညစာစားပွဲမှာ ကျွန်တော်နဲ့ ကင်ဂျုံအင်က အဓိကဆိုပေမယ့် နှစ်ယောက်စလုံးက အေးတိအေးစက်မလူပ်မယှက်သာ ကျွန်တော့် စိတ်ထဲဂျုံအင်းက ကျန်တဲ့သူတွေကို ကျွန်တော့် အကြောင်းတွေ ပြောပြလိမ့်မယ် ထင်ခဲ့ပေမယ့် သူမပြောခဲ့ပါဘူး အဲ့ဒါကလဲ ကျွန်တော့်ကို စိတ်ရူပ်စေပါတယ် ...

"ဟို ကျွန်တော် စီနီယာတို့ကိုပြောစရာ ရှိလို့ .."

"ဟေးး နောက်ဆုံးတော့ ယွန်ဆော့ တစ်ယောက် စကားပြောပြီ ငါက ပြန်သွားပြီတောင်ထင်နေတာ.."

ရီရီမောမောနဲ့ ပြောလာတဲ့ အဖွဲ့မူး စကားဆုံးတာနဲ့ ..

"တကယ်တော့ ကျွန်တော်က ဒုဥက္ကဌ ကင်မင်ဆော့ ရဲ့.."

"ကင်ယွန်ဆော့!!"

ရုတ်တရက်ကြီး ထအော်တဲ့ ဂျုံအင်ကြောင့် ကျွန်တော့်ပြောလက်စစကားလဲ တန့်သွားသလို အားလုံးအကြည့်ကလဲ သူ့ဆီကိုသာ ရောက်သွား ခိုက် .. သူ့နေရာကနေ လျောက်လာခါ ကျွန်တော့် ကို ကားပါကင်နားထိခေါ် ထုတ်လာတဲ့ ကင်ဂျုံအင်း ..

"ဘာလုပ်တာလဲ"

"မင်းစောနက ဘာပြောမလို့လဲ"

"စီနီယာ ကင်ဂျုံအင်း shi ထင်နေတာကိုဘဲ ပြောမလို့လေ... ကျွန်တော်ဘယ်သူဆိုတာ သိသွား ရင် ဖြစ်သွားမယ့် သူတို့ မျက်နှာတွေကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး အရမ်းလဲ မြှောက်စားခံချင်နေပြီ အောက်ခြေကနေ ဝင်တဲ့ ကောင်လေးဆိုပြီးလဲ ချီးကျူးခံဖို့ အသင့်ဖြစ်နေပြီမို့ အခုဘဲ ပြောပြမှ ဖြစ်မှာပေါ့ .."

"မင်း .. တကယ်ကိုဘဲ ဘာဖြစ်ချင်နေတာလဲ"

"စီနီယာကသာ ဘာဖြစ်နေတာလဲ"

"ငါက ဘာဖြစ်နေလို့လဲ"

"ဘာဖြစ်နေလို့လဲ ဟုတ်လား မေးရင်လဲ ဖြေချင် သလိုလို မဖြေချင်သလိုလို လူကို မခေါ်ချင်သလို မပြောချင်သလို နဲ့လုပ်နေတာလေ ကျွန်တော့် အကြောင်းကို ကျွန်တော့်ဘာသာပြောချင်ပြောမယ် မပြောချင်လို့လဲ ထားရင်ထားမယ် စီနီယာ့ ဘဝ အတွက် ဘာတွေများထိခိုက်နစ်နာသွားတာရှိလို့ ကျွန်တော့်ကို အဲ့လိုဆက်ဆံနေရတာလဲ ကျွန်တော် ကရော ဘယ်အချိန်ထိ အပြစ်ရှိသူတစ်ယောက်လိုနေ ပေးရမှာလဲ .. "

ပုံရိပ်ယောင်(Unicode+Zawgyi)Where stories live. Discover now