ပုံရိပ်ယောင် 🖤 10

169 46 11
                                    

note : စောင့်နေမယ့်သူ မရှိလောက်ဖူးထင်တာရော CS mood လဲ သိပ် မon သေးတာကြောင့် Fic တွေကို ပစ်ထားတာ တော်တော်ကြာပါပြီ ဒီနေ့မှ ဝင်ကြည့်မိတော့ update တွေ တန်းစီပြီး တောင်းထားကြတာတွေ့လို့ အားနာမိပါတယ်။ နောက်ရက်တွေကစပြီး သေချာလေး ပြန် update ပေးသွားပါ့မယ်။

################

"ကင်ယွန်ဆော့"

ဂျုံအင်းနောက်ကနေလိုက်ခေါ်တော့ ရပ်သွားတဲ့ ကောင်လေးနားကို ဂျုံအင်းပြေးသွားတော့

"စောနကမကြားလိုက်ဖူးလား ကျွန်တော်က ကင်ယွန်ဆော့မဟုတ်ဖူးဆိုတာ"

"ငါ့အတွက် အဲ့ဒါတွေ အရေးမကြီးဘူး ငါ့အတွက် အရေးကြီးတာက ..............................................
မင်းက ကင်ယွန်ဆော့ဘဲဖြစ်ဖြစ် ဒိုဂျောင်ဆူးဘဲဖြစ်ဖြစ် ငါက မင်းရဲ့ စီနီယာဘဲ မင်း ငါ့စကားနားထောင်ရမယ်"

"ဗျာ!!" ဂျောင်ဆူး မယုံနိုင်ခြင်းများစွာနဲ့ စီနီယာဂျုံအင်းကို ကြည့်နေမိတယ် ဒီလူဘာလား

"အဲ့ဒါကြောင့် စီနီယာက မွေးနေ့မှာ ဘာမှမစားလာဘူး အဲ့တော့ အခု ဗိုက်ဆာနေတယ် တစ်ခုခုသွားစားကြမယ်"

"စီနီယာ ကျွန်တော်အခု..."

"ကြက်ကြော်စားမလား"

"စီနီယာ အမြဲကြက်ကြော်စားနေတာမမုန်းသေးဘူးလား"

"စိတ်ညစ်နေချိန်ကြက်ကြော်စားတာ အကောင်းဆုံးဘဲ".

"ဘယ်သူကပြောတာလဲ..."

"မသိဘူး ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ကြက်ကြော်စားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်"

"ကျွန်တော်....."

စကားပင်မဆုံးသေးခင် ပုခုံးကိုအတင်းဖက်ခါ သွားနေတဲ့ စီနီယာကြောင့် နေရခက်စွာ လိုက်လာမိတယ် ...... ဘဝကလဲ စိတ်ညစ်တာတောင် သူများလို ဟန်မြစ်ဘေးမသွားရဘဲ ကြက်ကြော်ထိုင်စားနေရတယ်

တစ်ညလုံး တောက်တဲ့လိုလိုက်ကပ်နေတဲ့ စီနီယာဂျုံအင်းဟာ အိမ်ရှေ့အထိအရောက်ပို့ပေးပြီးတာတောင်

"ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်"

"ဟင် ဘာအတွက်လဲ"

ပုံရိပ်ယောင်(Unicode+Zawgyi)Where stories live. Discover now