"ခဏလေးနေပါဦး"
ဂျောင်ဆူးနဲ့ဂျုံအင်း နေ့လည်စာစားပြီးပြန်လာခါ အပေါ်ကိုတက်ဖို့ပိတ်ခါနီးဆဲဆဲ ဓာတ်လှေကားကို လှမ်းတားလိုက်ပြီး ပြေးသွားတော့ အထဲမှာရှိနေတဲ့ ဥက္ကဌ,ဒုဥက္ကဌနဲ့ဒါရိုက်တာအဖွဲ့ဝင်လူကြီးတစ်ချို့ကြောင့် ဂျောင်ဆူးရောဂျုံအင်းပါ တောင့်သွားမိတယ်။
"တက်ကြလေ"
"ရပါတယ် ကျွန်တော်တို့နောက်မှဘဲစီးလိုက်ပါ့မယ်"
မင်ဆော့ Hyung က ဝင်ခဲ့ဖို့ပြောပေမယ့် ဂျောင်ဆူး အသည်းသန်ပင်ငြင်းလိုက်မိတယ်။ Appa နဲ့ ဟိုတစ်ရက်က ပြဿနာဖြစ်ပြီးထဲက အခုထိမျက်နှာချင်းဆိုင်ဖို့ စိတ်ကူးမရှိသေးတာကြောင့် မျက်နှာ လွှဲထားမိတယ်
"ဒီနေ့ ရှယ်ယာရှင်တွေ အစည်းဝေးရှိတယ်ထင်တယ်"
ဂျုံအင်းပြောလိုက်ပေမယ့်လဲ စိတ်မဝင်စားတာလား စိတ်ရူပ်နေတာလား မသေချာတဲ့ ဂျောင်ဆူးကတော့ အဖွဲ့သားတွေအတွက် ဝယ်လာတဲ့ ကော်ဖီခွက်တွေကိုသာ ကြည့်နေပြန်တယ်။
............."အိမ်ကိုလာခဲ့ဦးလေ ချန်ယောလ်"
"သူမအားဘူး appa သူ အခုတလော တအားအလုပ်များနေတာ"
"မဟုတ်တာ ဥက္ကဌကြီးဖိတ်ရင် လာရမှာပေါ့ ကျွန်တော်လဲ Korea ရောက်ထဲက ဥက္ကဌကြီး တို့ကို သေချာမနူတ်ဆက်ရသေးဘူး ဒီနားရက်ကျရင်လာခဲ့ပါ့မယ်"
အစည်းဝေးပြီးတာနဲ့ ဥက္ကဌကြီးကို နူတ်ဆက်နေရင်း ဥက္ကဌကြီးက အိမ်ကိုထမင်းစားဖိတ်တာကို ကျွန်တော့်ကို အမြင်မကြည်သေးတဲ့ မင်ဆော့က ဝင်တားေပမယ့် ..လာပါမယ်ဆိုတဲ့အကြောင်း အမြန်ပြောလိုက်တာမို့ မျက်မှောင်ကျုပ်ခါကြည့်နေတဲ့ မင်ဆော့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ခါ စလိုက်မိတယ်။
.........
"အလုပ်သင် ငါ့ ရုံးခန်းကို ခဏလာခဲ့ဦး"
အစည်းဝေးကနေပြန်လာပြီး ဂျောင်ဆူးကို ရုံးခန်းထဲလာခဲ့ဖို့ ခေါ်တဲ့ချန်ယောလ်ကြောင့် အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်။ ဂျောင်ဆူး ရုံးခန်းထဲရောက်တော့ ကော်ဖီဖျော်ပြီးသားတစ်ခွက်ကို ချပေးခါ ...
YOU ARE READING
ပုံရိပ်ယောင်(Unicode+Zawgyi)
Fanfictionကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~U ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~Z