#unicode
လက်မောင်းကို မလွတ်ဘဲအတည်ပေါက်မေးနေတဲ့ ထိုလူရဲ့ပုံက ထူးဆန်းတာမို့"ခင်ဗျားဘာကိုဆိုလိုတာလဲ ကျွန်တော်မသိဘူး ကျွန်တော်သွားရဦးမယ်"
ဂျောင်ဆူး လက်ကိုရုန်းခပ်သုတ်သုတ်ထွက်လာခဲ့ပေမယ့် နောက်ကနေလှမ်းအော်နေတဲ့ ထိုလူရဲ့ အသံကိုကြားနေရပါတယ် တော်တော်စပ်စုတဲ့လူ
"နောက်တစ်ခါတွေ့ရင် နာမည်အရင်းပြောပြနော်!"
>>>>>>>>>>>>
ထမင်းစားပြီး ပြန်အလာ ဓာတ်လှေကားတံခါးပွင့်သွားတော့ တွေ့လိုက်ရတာ မင်ဆော့hyung နဲ့ ဟိုစပ်စုတဲ့လူ အထဲကိုဝင်လာကြပြီမို့ ဂျောင်ဆူးပြန်ထွက်ဖို့လဲ မဖြစ်တာမို့ .......
"အော် ထပ်တွေ့ပြန်ပြီ ....ဒီမှာအလုပ်လုပ်တာလား"
တွေ့တာနဲ့ ကရားရေလွှတ်ပြောပြန်တဲ့သူကို မမြင်ချင်ယောင်ဆောင်ခါ Hyung ကို နူတ်ဆက်လိုက်တယ်
"မဂ်လာပါ ဒုဥက္ကဌ"
"အော် အင်း......မင်းနဲ့ အသိတွေလား Chanyeol"
"အေး ..... Hello"
တစ်ဖက်ကိုလှည့်နေတာတောင် ရအောင်လိုက်နူတ်ဆက်နေတဲ့သူ မရှက်တက်ဖူးလား မသိ
"မင်းကသာသိနေတာ ဟိုကသိတဲ့ပုံမပေ့ါ်ပါလား"
အစ်ကို မင်ဆော့ရဲ့ စကားကြောင့် သက်သေပြဖို့လုပ်လာတဲ့ ထိုလူက ပခုံးကို လာထိတာကြောင့် ....
"မင်း ငါ့ကို သိ..."
"ဘာလဲ ဘာလို့ လာထိနေတာလဲ!!!!"
"အမလေး လန့်လိုက်တာ လူကောင်နဲ့တောင်မလိုက်ဖူး အသံကလဲ.......ဒီမှာ အသေးလေး ဘယ်လိုဘဲ ဖြစ်ဖြစ် တစ်ဖက်ကနူတ်ဆက်ရင် ပြန်နူတ်ဆက်ရမယ်လေ"
သူဘယ်လိုပင်ပြောပါစေ မျက်လုံးပင်စုံအောင်မကြည့်လူကိုမမြင်ရတဲ့လေလိုသဘောထားခါ မင်ဆော့ကိုသာ နူတ်ဆက်ပြီး ဆင်းသွားတဲ့ ကောင်စုတ်လေး
"သွားလိုက်ပါဦးမယ်"
"ကောင်းပါပြီ ...... ဟ ဟ Park Chanyeol တို့ အရည်ရော အဖတ်ပါ အလုပ်မခံရတာမျိုးတွေ့ဖူးပြီ ဟားဟား ရီရတယ်"
YOU ARE READING
ပုံရိပ်ယောင်(Unicode+Zawgyi)
Fanfictionကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~U ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~Z