"ကားပေါ်တက် လိုက်ပို့ပေးမယ်"
"မလိုဘူး Bus ကားနဲ့ဘဲပြန်မယ်"
ချန်ယောလ်ဘာမှမပြောနိုင်သေးခင်မှာတင် ထွက်သွားတဲ့ ကောင်လေးကို ချန်ယောလ်ကြည့်ခါ ဖုန်းထုတ်ဆက်လိုက်တယ်။
"ကင်ယွန်ဆော့ နောက်ကိုလိုက်နေတာရပ်လိုက်တော့ ပြီးတော့ ကင်ယွန်ဆော့က သားအရင်းဟုတ်လားမဟုတ်လား စုံစမ်း လွန်ခဲ့တဲ့ နှစ်20ကို ပြန်စုံစမ်း ကင်ယွန်ဆော့ အသက်5နှစ်မှာ တစ်ခုခုဖြစ်ခဲ့တာမျိုးရှိလားဆိုတာမျိုး"
.......
"ယွန်းလေးနောက်ကျလိုက်တာ ဖွားမြေးလေးရယ် ကျောင်းတက်ရတာပျော်ရဲ့လား"
"ဟုတ် ပျော် ပျော်ပါတယ် ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်နော်"
ဂျောင်ဆူး ရေချိုးခန်းထဲကထွက်လာတော့ အခန်းထဲမှာရှိနေတဲ့ မင်ဆော့hyung
"Hyung"
"အင်း ဒီနေ့အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"Hyung Chanyeol ကိုနဲနဲလောက်ပြောလိုက်ရမလား"
"ဘာကိုလဲ Hyung"
"မဟုတ်ဖူးလေ ideaကို ရွေးပေးတာ ကျေးဇူးတင်ပေမယ့် တစ်ယောက်ထဲ promotion လုပ်ခိုင်းတာကြတော့ မင်းကို မတရားတွေခိုင်းနေတာမဟုတ်ဖူးလား"
"မဟုတ်ပါဘူး Hyung ရဲ့ သူကိုယ်တိုင်လာကူပေးပါတယ် ပြီးတော့ ကျွန်တော် အဆင်ပြေပါတယ် စိတ်မပူပါနဲ့ Hyung ရယ် နော်"
"ဒါပေမယ်လဲ....."
"ကဲပါ Hyung ကလဲ စိတ်မပူပါနဲ့ဆို သွားအိပ်တော့ ကျွန်တော်လဲနားတော့မယ်"
..................
"နောက်နေ့ကစပြီး ဒီကို sale girl တွေလွှတ်လိုက်မှာမို့ promotion event ကိုမင်းသွားစရာမလိုတော့ဘူး"
"ဘာလို့လဲ တစ်ပတ်တောင်ပြည့်တော့မယ် နောက် နှစ်ရက်လောက်ဘဲကျန်တော့တဲ့ဟာကို အဆင်လဲပြေနေရဲ့ သားနဲ့"
"မင်း အကြံနဲ့မင်းတော့ အဆင်ပြေတာပေါ့"
" ဘာကိုဆိုလိုတာလဲ"
Promotion event ကိုမသွားရတော့ဖူးဆိုလို့ ဘာဖြစ်လို့လဲ ဝင်မေးရာကနေ ဂျောင်ဆူးနဲ့ချန်ယောလ် စကားများနေကြခြင်းသာ.....
YOU ARE READING
ပုံရိပ်ယောင်(Unicode+Zawgyi)
Fanfictionကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~U ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ ဘဝတစ်ခုမှာ ကျွန်တော်နေ ထိုင်တယ် ~Z