ပံုရိပ္ေယာင္🖤🖤ပုံရိပ်ယောင်

516 67 2
                                    

Unicode#####

"ရော့ ငါ့မြေးလေး ကျောင်းစတက်မယ့်နေ့မို့ အဖွားက ခရုဆန်ပြုတ်ချက်ထားတယ်"

ထမင်းဝိုင်းမှာ မျက်နှာရှေ့ကိုရောက်လာတဲ့ဆန်ပြုတ် ပန်းကန်ကြောင့် ကျွန်တော် ဘာလုပ်ရမှန်းမသိဖြစ် သွားမိပြီး အဖေ့ကိုကြည့်တော့ ကျွန်တော့်ကိုကြည့် မနေ သူ့မနက်စာသာသူစားနေတယ် အမေ့ကိုကြည့် လိုက်တော့ ကျွန်တော့်ကို လှမ်းကြည့်နေပုံက သောက်လိုက်ပါ နောက်မှ အရင်လိုဘဲ ဆေးရုံသွား ပြလိုက်ပေါ့ဆိုတဲ့ အကြည့်မျိုးမို့ ကျွန်တော် သက်ပြင်းတစ်ချက်ချခါ ဆန်ပြုတ်ပန်းကန်ကို ယူလိုက်မိတယ်... ဟူး~ ပထမဆုံးအလုပ်တက်ရ မယ့်နေ့လေးကတော့ သွားပါပြီ

အဲအချိန်မှာဘဲ လက်ထဲကနေ ပန်ကန်လုံး အလုခံရတာကြောင့်ကြည့်လိုက်တော့ အစ်ကို မင်ဆော့ ~ ကျွန်တော် စိုးရိမ်တကြီး ပြန်ကြည့်တော့ မျက်စိတစ်ဖက်မှိတ်ပြခါ

"ဖွား ကျွန်တော့်အတွက်ရော ~"

"ဟေ ငါ့မြေးကြီးက သောက်ချင်လို့လား"

"သောက်ချင်တာပေါ့ ဖွားကလဲနော် ယွန်းလေးကိုဘဲ လုပ်ပေးတယ် သားကျတော့ မလုပ်ပေးဘူး စိတ်ဆိုးလိုက်တာ"

"aigoo စိတ်မဆိုးပါနဲ့ ... arjuma ခရုဆန်ပြုတ်လေးပေးပါဦး"

"ဟို ဆန်ပြုတ်က အစ်ကိုလေး တစ်ယောက်စာဘဲ ပြုတ်ထားတာပါရှင့်"

"ဟေ ဟုတ်လား ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုမှ လုပ်မနေနဲ့ ဒါ ကျွန်တော်သောက် လိုက်မယ်နော် ယွန်းလေး ဒါ hyung သောက်လိုက် လို့ရတယ်မှတ်လား"

ဘာမှပြန်မပြောဘဲ ကြောင်ခါကြည့်နေတဲ့ ကျွန်တော့်ကို Hyung က မျက်လုံးပြုးပြတော့မှ သတိဝင်ခါ

"အာာာ ရ ရတယ်လေ hyung အကုန်သောက်လိုက် ကျွန်တော်ကရတယ်.."

"ဒါဆိုသောက်ပြီနော်"

"aigoo ညီကိုတွေချစ်လိုက်ကြတာ"
.
.
"Hyung~"

မနက်စာစားပြီး အပြင်ကို အရင်ထွက်သွားတဲ့ Hyung နောက်ကိုပြေးလိုက်ရင်း ခေါ်လိုက်တော့ လှည့်ကြည့်ပြီး ပြုံးပြလာတဲ့ Hyung ~ ကျွန်တော် အဲ့ အပြုံးတွေကို အရမ်းသဘောကျတာဘဲ နွေးထွေး ပြီးတော့ လှတယ် ~

ပုံရိပ်ယောင်(Unicode+Zawgyi)Where stories live. Discover now