💙Ep~~~2💚

1.2K 74 1
                                    

Twoလဲ အပေါ်ထပ်လာပြီးကိုယ့်အခန်းထဲခဏဝင်ပြီး
လိုအပ်တာလေးတွေဝင်ယူကာ တဖက်ခန်းက
ဂျစ်တူးလေးရဲ့အခန်းကိုတံခါးသွားခေါက်လိုက်တယ် ဆူပုတ်နေတဲ့မျက်နှာနဲ့ တံခါးလာဝင်ဖွင့်တဲ့
ချာတိတ်ကိုကြည့်ပြီး ရယ်လဲရယ်ချင်မိတယ်
သူ့ကိုယ်သူကလေးတယောက်များ မှတ်နေလားမသိဘူး

Two—စာသင်ပေးဖို့လာတာ အဆင်သင့်ဖြစ်ပြီလား

Wish—အင်း

Two—ဒါဆိုလဲ စလိုက်ကြတာပေါ့

Wish—အင်း

ပြောသမျှကိုတအင်းအင်းလုပ်နေတဲ့ ချာတိတ်ကို
တချက်ကြည့်ပြီး စာကြည့်စားပွဲကို
လှမ်းသွားလိုက်တယ် စားပွဲခုံမှာလဲ ပစ္စည်းတွေ
ပြန့်ကျဲနေတာပဲ စာအုပ်တွေကလဲဖုန်တောင်တက်နေပြီ
စာမကြည့်ပဲ ပစ်ထားတာဘယ်လောက်တောင်
ကြာနေပြီလဲမသိ ဟူး....တော်တော်ပြုပြင်ယူရမှာပါလား မလွယ်ပါလားနော်

Two—စားပွဲမှာလဲရှုပ်ပွနေတာပဲ ဖုန်တောင်တက်နေပြီ
မင်းကြည့်ရတာစာအုပ်တောင်မကိုင်ဘူးထင်တယ် ဟုတ်လား

Wish—ဟုတ်တယ် အဲ့ဒါခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူး

Two—ဟုတ်ပါတယ် အရင်ကတော့ဘာမှမဆိုင်ပါဘူး အခုတော့ မဆိုင်ချင်လဲ ဆိုင်ရတော့မှာပဲလေ

Wish—ခင်ဗျားဘာစကားပြောတာလဲ ဘာကိုအခုဆိုင်ရမှာလဲ စကားကိုရှင်းရှင်းပြောလေ

Two—ဟောဗျာ ကိုယ်ပြောတာရှင်းရှင်းလေးရယ် အခုကိုယ်က မင်းကိုစာသင်ရတော့မှာဆိုတော့ ကိုယ်နဲ့ဆိုင်တယ်လို့ပြောတာလေ
ချာတိတ်ကဘာကိုထင်လို့လဲ

Wish—ဘာချာတိတ်လဲ ဘာချာတိတ်လဲ ကျွန်တော်ချာတိတ် မဟုတ်ဘူးဗျ ကျွန်တော်ကလေးမဟုတ်ဘူး ချာတိတ်လို့
လာမခေါ်နဲ့ မကြိုက်ဘူး😤😤😤

သူ့ကိုယ်သူချာတိတ်လေးမဟုတ်ဘူးလို့ ဇွတ်ငြင်းပြီး ရန်စွာနေတဲ့အရှေ့ကကောင်လေးကို
ခြေဆုံးခေါင်းဆုံးတချက်ကြည့်လိုက်တယ်
ဝတ်ထားတာကMickey Mouseပုံပါတဲ့
Tshirtအဖြူရောင်နဲ့ပေါင်လယ်လောက်ပဲရှိတဲ့
ဂျင်းဘောင်းဘီကိုဝတ်ထားတဲ့သူက
ချာတိတ်မဟုတ်လို့ဘာလဲ အပြုအမူကပဲ
ကလေးဆန်တာမဟုတ်ဘူး အဝတ်အစားဝတ်တာကအစ
ကလေးဆန်တာ စိတ်ထဲမှာတော့ တဟားဟားအော်ရယ်နေပေမဲ့ မျက်နှာမှာတော့
ပြုံးစိစိနဲ့ပဲ မေးတချက်ဆက်လိုက်ကာ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now