💙Ep~~~1💚

3K 112 3
                                    

🎶🎶ငါ့ရဲ့အသဲတခြမ်း...မင်းဆီချန်ပြီး..
ဒီမြို့လေးရဲ့အဝေး...ငါပြန်သွားတဲ့အခါ...
နင်မမေ့ဖို့ရာ..ခဏလောက်..🎶🎶

Pin—ဟဲ့...Wish Wish Wish

ခြံဝင်းထဲကမာလကာပင်ပေါ်တက်ပြီး
မာလကာသီးခူးရင်းအသံပြဲကြီးနဲ့
သီချင်းအော်ဆိုနေတဲ့ Wishကို မမက
အပင်အောက်ကနေအော်ခေါ်နေတာပါ

Wish—ဘာလဲဗျာ ဒီမှာသီချင်းဆိုနေတာ
ဖီးလ်အောက်လိုက်တာ

Pin—အမလေးဟဲ့ နင့်အသံပြဲကြီးနဲ့စွတ်အော်ပြီး ကီးကြောင်နေတဲ့ အသံကြီးကိုဘယ်သူက
နားထောင်မှာလဲဟဲ့

Wish—ဒီအသံလေးကိုပဲကြိတ်ကြွေနေတဲ့
ကောင်မလေးတွေမှ အများကြီးနော် မမဘဲရဲ့ညီမလေးတောင်ပါသေးတယ်

Pin—တော်စမ်းပါဟယ် ဘာကိုငါ့ဘဲလဲ ပေါက်ကရတွေပြောမနေနဲ့
အောက်ခဏဆင်းခဲ့ဦး ဖေဖေခေါ်ခိုင်းလို့

Wishလဲ ခူးထားတဲ့မာလကာသီးတွေကို
ဝတ်ထားတဲ့ အင်္ကျီနဲ့ထုတ်လိုက်ပြီး အပင်အောက်ကိုလျောဆင်းလာခဲ့တယ်

Wish—ဖေဖေကဘာလုပ်ဖို့တဲ့လဲမမ ကျွန်တော်စာမကျက်တာများ
သိသွားလို့လားမသိဘူးနော် မဖြစ်ဘူး မဖြစ်ဘူး ကျွန်တော့်ကို မတွေ့ဘူးလို့ပြောလိုက်နော် ကျွန်တော်ဟိုဘက်ရပ်ကွက်ကို ခဏလေး
သွားရှောင်နေလိုက်မယ် ဖေဖေအပြင်သွားမှပြန်လာခဲ့မယ်

Wishကပြောပြီး ထွက်ပြေးဟန်လုပ်နေလို့ Pinကဂုတ်ကနေ လှမ်းဆွဲထားလိုက်တယ်

Pin—ဟဲ့ နင့်အသံပြဲကြီးကိုအိမ်ထဲထိကြားတယ်ဟဲ့ နင်ရှိနေတာကို ဖေဖေသိတယ် ဧည့်သည်တယောက်လဲရောက်နေတယ်
အဲ့ဒါကြောင့်ဖေဖေခေါ်ခိုင်းတာလား
မသိဘူး သွားလိုက်ဦး

Wish—အင်း..ဒါနဲ့ဘယ်ကဧည့်သည်လဲ မမရောသိလား

Pin—မသိဘူး ဖေဖေ့မိတ်ဆွေသားလို့ပြောတာပဲ
ငါလဲသေချာမသိဘူး အမြန်သွားစမ်းပါဟာ ဖေဖေ့ဒေါသလဲသိသားနဲ့ ကြာနေရင်သိတယ်မလား

Wish—အဲ့ဒါကရှော့အကြီးကြီး သွားပြီဗျို့

Wishလဲဖခင်ကိုကြောက်ရသူပီပီ မာလကာသီးတွေ
အင်္ကျီထဲ ထည့်ပိုက်ထားတဲ့ပုံစံနဲ့ပဲ အိမ်ထဲအပြေးသွားလိုက်တယ် ဧည့်ခန်းထဲမှာ
ဖေဖေရယ် ကျွန်တော်နဲ့မတိမ်းမယိမ်းလောက်ရှိမဲ့
လူငယ်တယောက်ရယ် ထိုင်နေတယ် သူ့ကိုမြင်တာနဲ့ဖေဖေက

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now