💙Ep~~~15💚

761 60 2
                                    

ဒီနေ့ကတော့ ကျွန်တော်တို့ချောင်းသာကို
သွားကြမဲ့နေ့လေးပါ အားလုံးကပျော်ပျော်ရွှင်ရွှင်နဲ့
တက်တက်ကြွကြွနဲ့ပေါ့ မနက်၆နာရီလောက်ကနေ အိမ်ကနေစထွက်လာခဲ့ကြတယ် ချာတိတ်ဖေဖေက အားလုံးခြေဆန့်လက်ဆန့်စီးရအောင်လို့
Arphadအမျိုးအစားကားကို စီစဉ်ပေးလိုက်တာပါ
ကျွန်တော်တို့အဖွဲ့က ၆ယောက်ပဲဆိုတော့
အရမ်းကိုအဆင်ပြေတာပေါ့ဗျာ ကျွန်တော်က
ကားမောင်းပြီး Lover seatမှာတော့
ချာတိတ်လေးကထိုင်တယ်လေ ဒုတိယခုံတန်းမှာတော့ Pinနဲ့သူ့သူငယ်ချင်းကောင်မလေးထိုင်ပြီးတော့
နောက်ဆုံးခုံမှာတော့ သူ့သူငယ်ချင်းငရှုက်ကောင်တွေ
ထိုင်ကြတယ်လေ စထွက်ခါစကတော့ တကားလုံး
ဆူညံပွက်လောရိုက်ပြီး ဟေးလားဝါးလားနဲ့ပေါ့ဗျာ
ကြာလာတော့ မနက်စောစောထထားရလို့ အိပ်တဲ့သူကအိပ် ငိုက်တဲ့သူကငိုက်ပေါ့ ကျွန်တော်ကကားမောင်းတဲ့သူဆိုတော့
ငိုက်ချင်လဲငိုက်လို့မရဘူးလေ ပြီးတော့
ချာတိတ်လေးနဲ့ အတူတူခရီးသွားရလို့ အရမ်းကိုတက်ကြွနေတယ်လေ

တကားလုံးငြိမ်ကျသွားတော့ ချာတိတ်လေးက
အနောက်ဘက်ကိုတချက်လှည့်ကြည့်ပြီးနောက်
ကားမောင်းနေတဲ့Twoဘက်ကိုလှမ်းကြည့်ကာ
စကားစပြောလာတယ်

Wish—ကြည့်ပါဦးဗျာ ခုနကတော့
သူတို့မဟုတ်သလိုပဲ ခုကျအိပ်နေလိုက်ကြတာ မြင်တောင်မကောင်းဘူး အဟက်

Two—အဟွင်း..သူတို့လဲမနက်က
အစောကြီးထခဲ့ရတော့ အိပ်ရေးပျက်တယ်လေကွာ အာ့ကြောင့်နေမှာပါ ချာတိတ်ရော မအိပ်ချင်ဘူးလား အိပ်ချင်အိပ်လေ

Wish—ဟင့်အင်း မအိပ်ချင်ပါဘူးဗျာ ကျွန်တော်အိပ်သွားရင် ခင်ဗျားတယောက်တည်း ပျင်းနေမှာပေါ့ ဟိုင်းဝေးမောင်းတာဆိုတော့ အိပ်ငိုက်ချင်ကြတယ်လေ
ဘေးကစကားပြောဖော်ရှိတော့ အပျင်းပြေတာပေါ့ဗျ

Twoကတော့ ချာတိတ်လေးကသူ့အတွက်
တွေးပေးနေလို့ ကျေနပ်သွားရပြီလေ မျက်နှာပြုံးဖြီးနေတော့တာပေါ့

Two—ကျေးဇူးပါကွာ ဒါပေမဲ့
ကိုယ်ကကားမောင်းရင် အိပ်မငိုက်တတ်ပါဘူးကွ စိတ်မပူပါနဲ့ အိပ်ချင်ရင်အိပ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now