💙Ep~~~6💚

793 58 0
                                    

Twoတယောက်နှာခေါင်းမှာတစ်ရှူးတွေ
ထည့်ထားတဲ့ပုံစံနဲ့ပဲ ကျောင်းကိုရောက်လာခဲ့တယ် စိတ်ထဲအရမ်းတွေပျာ်နေလို့ သူ့ရဲ့ပုံစံက
ဘယ်လိုပေါက်နေလဲဆိုတာကိုတောင် သတိမရဘူး
သူ့အနားကဖြတ်သွားတဲ့သူတွေက လှည့်ကြည့်လှည့်ကြည့်နဲ့ခွီသွားကြလဲ
သူ့အပျော်နဲ့သူမို့ ဘာမှသတိမထားမိ
အဲ့ဒါနဲ့ပဲ အတန်းထဲရောက်လာခဲ့ပါတော့တယ် Twoရဲ့ပုံစံကိုမြင်တော့ Titleနဲ့Gunအပါအဝင် တော်တော်များများက ဝိုင်းရယ်ကြတဲ့အခါမှ သူ့ပုံစံသူသတိရသွားတဲ့Twoပါလေ

Title—ဟား....Two ဘယ်လိုဖြစ်လာတာလဲကွ
စောစောစီးစီးမင်းကိုကြည့်ပြီး
ငါအူတက်လို့သေတော့မယ် ဟား...

Gun—မင်းပုံစံကဘယ်လိုဖြစ်တာလဲ နှာခေါင်းအစွယ်လေးနဲ့ ဟား..

အဲ့ဒီအခါကျမှTwoတယောက်သူ့ပုံစံကိုသတိရပြီး နှာခေါင်းထဲက တစ်ရှူးတွေကိုဆွဲထုတ်ပြီး အဝေးသို့လွှင့်ပစ်လိုက်ပြီး သူ့ကိုလှောင်နေကြတဲ့
သူငယ်ချင်းနှစ်ယောက်ကိုဆဲဆိုလိုက်တယ်

Two—ခွေးကောင်တွေ ငါ့ကိုဝိုင်းလှောင်နေကြတယ် ဟုတ်လား မင်းတို့ချစ်စရာကောင်းမှာပဲဆိုတဲ့ မင်းတို့ချာတိတ်ကြောင့် ငါဘယ်လောက်အထိ
နာခဲ့ရတယ်မှတ်လဲ မစာနာပဲဝိုင်းရယ်နေကြတယ်
သေချင်နေပြီလား ဟမ် ခွေးကောင်တွေ

Gun—ဟား...ဘယ်လိုဖြစ်လို့ ငါတို့ချာတိတ်ဖြစ်ရမှာလဲကွ မင်းချာတိတ်ပါကွ ပြောစမ်းပါဦးကွ ဘယ်လိုဖြစ်ခဲ့ကြတာလဲ ခွီး

Two—မင်းဘိုးအေကို ငါ့ချာတိတ်လား သူ့ကြောင့်မို့
ငါ့နှာခေါင်းကသွေးတောင်ထွက်လာကျလာဟ
အဖြစ်ကဒီလို#$#$@$#$@$$##@$####$##$

Twoက ခုနကဖြစ်ပျက်ခဲ့သမျှကို
အကြောင်းစုံရှင်းပြလိုက်တော့ Titleနဲ့Gunမှာ ဘယ်လိုမှထိန်းမရတော့ပဲတဟားဟားနဲ့ရယ်ပါပြီ

Title—ဟား....Twoရာ မင်းအဖြစ်ကြီးကလဲ အူတက်နေပါပြီကွာ မင်းကရောသူ့ကို
ဘာလို့အဲ့ဒီလိုသွားလုပ်လိုက်ရတာလဲကွ အဲ့လိုလုပ်တော့ ဟိုက ပြန်လုပ်လိုက်တာတောင်နည်းသေး ဟား....ငါသေတော့မှာပဲ

Gun—ဟား......မနမ်းလိုက်ရပဲ ခေါင်းစာမိသွားတဲ့သူငယ်ချင်းရာ
သနားတောင်သနားသွားပြီ ဟား........

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now