💙 Ep~~~8💚

744 58 0
                                    

နှစ်ယောက်သားအတွေးကိုယ်စီနဲ့စားသောက်ခဲ့ကြပြီး
ကစားကွင်းဘက်ကိုချီတက်ခဲ့ကြပြန်ပါတယ်
ကစားကွင်းရောက်တော့ ပင်လယ်ဓားပြလှေကြီး
စီးချင်ပြန်ပြီတဲ့လေ ဒီတခါတော့ Twoတို့ဇွတ်ကို
ငြင်းတော့တာပေါ့ မဟုတ်ရင် စားထားသမျှပြန်ထွက်ရတော့မဲ့ကိန်းလေ

Wish-ဟိုဟာကြီး သွားစီးရအောင်လေ ပင်လယ်ဓားမြလေ

Two-မလိုက်ဘူး ကိုယ့်ဟာကိုသွား ဒီတခါဆိုရင်
ငါအသက်ထွက်သွားနိုင်တယ်ကွ မလိုက်ဘူး

Wish-ခင်ဗျားကလဲ လူကောင်ကြီးပြီးအသည်းကလဲ
ငယ်တာဗျာ.ပြီးရော ကိုယ့်ဟာကိုယ်ပဲသွားစီးတော့မယ်

Wishကတော့ပြောပြီး လက်မှတ်ရောင်းတဲ့နေရာကို
ထွက်သွားပါပြီ Twoကတော့ မလှမ်းမကမ်းမှာ
ထိုင်စောင့်နေလိုက်တယ်လေ သိပ်မကြာဘူး
Wishတယောက် ပင်လယ်ဓားမြပေါ်ရောက်သွားပြီ
အမယ်..သူ့ဘေးနားမှာကောင်မလေးချောချောလေး
ထိုင်နေတာပေါ့ ချာတိတ်ကရုပ်ကလေးက
ချစ်စရာလေးဆိုတော့ မိန်းကလေးတွေ
ဝိုင်းဝိုင်းလည်တာမဆန်းပါဘူး အခုလဲကြည့်ပါဦးဗျာ
အခုမှတွေ့တဲ့မိန်းကလေးနဲ့စကားတွေဖောင်ဖွဲ့နေလိုက်တာ

မကြာခင်လှေကြီးကလှုပ်လာတော့ Wishက
Twoရှိရာဆီကို.တာ့တာလှမ်းပြနေတာတွေ့လို့ Twoကလဲလက်ပြန်ပြလိုက်တယ်
လှေကြီးကရှေ့နောက် အရမ်းလွှဲနေပြီဆိုတော့ စီးတဲ့သူတွေ အော်နေကြတာပေါ့ Twoကတော့
Wishကိုထိုင်ကြည့်နေတာဆိုတော့
Wishကလက်နှစ်ဘက်ကို မြှောက်မြှောက်ပြီး
အော်နေတာပေါ့ အာ့တာကိုကြည့်ပြီးTwoတယောက်
သဘောတွေကျနေမိတာ

Two-အဟွင်း...ဒီလောက်ရင်တုန်ပြီးကြောက်စရာ
ကောင်းတဲ့ဟာကို သူမို့လို့ တဟေးဟေးနဲ့
ပျော်နေလိုက်တာများ တကယ့်ကလေးပဲ

Twoလဲပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့အချိန် တစုံတခုကိုတွေ့မိလို့ မျက်မှောင်ကြီးကအလိုလို
ကျုံ့သွားရတယ်လေ အဲ့ဒါကချာတိတ်ဘေးနားက
ကောင်မလေးကချာတိတ်ကိုအတင်းဖက်ပြီး ရင်ခွင်ထဲတိုးနေလို့ပါ အဲ့ဒါကိုဟိုချာတိတ်ကလဲ ကောင်မလေးပုခုံးကိုပြန်ဖက်ပေးထားပြီး
တခြားလက်တဖက်ကိုမြှောက်ပြီး အော်လို့
ကောင်းနေတုန်း အောက်ကကြည့်နေတဲ့Twoမှာတော့ အဲ့ဒါကြီကိုမြင်ပြီး.ဖင်တကြွကြွဖြစ်နေပြီလေ မသိရင်သမီးရည်းစားတွေကျနေတာပဲ ခုနကြည့်ပြီး
ပျော်နေတာတောင် ဘယ်ဆီကိုပျောက်သွားလဲမသိ
Twoတို့ထိုင်မရတော့တာနဲ့ Wishတို့ဆင်းလာမဲ့
လှေကားနားမှာ သွားရပ်စောင့်နေလိုက်တော့တယ်လေ စိတ်ကမကြည်တော့ဘူးလေ.သိပ်မကြာခင် ပင်လယ်ဓားမြလှေကြီးကရပ်သွားပါပြီ
သူများတွေဆင်းလာလဲ ချာတိတ်ကမလာသေးဘူး Twoမှာတော့ လှေကားထိပ်ကိုမော့မော့ပြီးကြည့်ရတာ အမောပေါ့ ဟော..လာပါပြီ လာပါပြီကိုယ်တော်လေးက ခုနကောင်မလေးနဲ့ စကားတပြောပြောနဲ့ ရုပ်ကဖြီးနေတာများမပြောလိုက်ချင်ဘူး သွားတောင်အအေးပက်တော့မယ် ဖြစ်နေလိုက်တာများ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now