အခုဆိုချာတိတ်လေးတို့ရဲ့No Gender Collectionက
တော်တော်လေးအောင်မြင်လာလို့ ချာတိတ်လေးရဲ့
ရည်မှန်းချက်အတိုင်း ဆိုင်တဆိုင်ဖွင့်နိုင်ခဲ့ပြီလေ...
ပြီးတော့ ချာတိတ်လေးကလဲ နောက်ဆုံးနှစ်စာမေးပွဲကို
ဒီနေ့ပဲဖြေဆိုပြီးလို့ ကျွန်တော်သွားကြိုပြီး အင်းလျားကန်ဘောင်မှာ
ခဏလောက်ဝင်ထိုင်လိုက်ကြတယ်....ဒီနောက်ပိုင်း
အခုလိုအေးဆေးမတွေ့ရတာ ကြာနေပြီလေTwo-ချာတိတ်တောင် စာမေးပွဲဖြေပြီးပြီနော်
ကိုယ်လဲနောက်တနှစ်ဆို ကျောင်းပြီးပြီ ကိုယ်တို့လက်ထပ်ကြရအောင်နော်Wish-အင်း..ကိုကြီးသဘောလေ ကျွန်တော်လည်းကိုကြီးနဲ့
အတူတူနေချင်ပြီTwo-ကိုယ်ကတောင်ပိုပြီးနေချင်သေး အခုတောင်နေချင်ပြီ
Wish-အကဲပိုမနေပါနဲ့နော် ဟွန့် ဟိုအရင်တခါဒီကိုလာတုန်းက
ကျွန်တော့်ကိုစိတ်ဆိုးပြီးအော်တာကို သတိရသွားပြီTwo-ဟာကွာ..အဲ့ဒီက အရမ်းတောင်ကြာနေပြီလေကွာ ဟဲဟဲ
Wish-ကြာနေပေမဲ့ ခေါင်းထဲဝင်လာသေးတယ်
မင်္ဂလာဆောင်ပြီးလို့ အဲ့ဒီလိုထပ်အော်လို့ကတော့
ကိုကြီးကိုပစ်ပြီး လုံးဝမတွေ့အောင်ပုန်းနေလိုက်မယ် ဘာမှတ်Two-အမလေးဗျာ..ခြိမ်းခြောက်တာကြီးကလဲ ကြောက်စရာကြီး
မအော်ပါဘူး ချာတိတ်ရာ အဲ့တုန်းတည်းက ကတိပေးထားသားပဲ
အခုနောက်ပိုင်းရော ကိုယ်ဘယ်မှာအော်လို့လဲ ဟဲဟဲ
ထားတော့မထားသွားပါနဲ့ကွာ ကိုယ်သေလိမ့်မယ်ချာတိတ်ရWish-ကိုယ့်စကားကိုယ်မှတ်ထားနော် ဟွန့်
Two-မှတ်ထားပါ့မယ် မှတ်ထားပါ့မယ် ချာတိတ်ကို
လုံးဝမအော်တော့ပါဘူး စိတ်ချပါ ကတိ ကတိWish-အင်း..ပြီးရော... အဲ့ဒါဆို ရေခဲမုန့်ဝယ်ကျွေး
Two-ဟောဗျာ...ဘာမှလဲမဆိုင်ဘူးရော..ဟား...
Wish-ဘာလဲ လိုက်မကျွေးဘူးလား ငြိုငြင်တာလား
Two-ဟား...မကျွေးဘူးလို့ပြောမိလို့လား ဒီနေ့ကျမှ
ဘာလို့အရင်ကလိုဂျစ်ကျနေရတာတုန်း ဟားးး....Wish-မသိဘူးဗျာ...လိုက်ကျွေး.....ဒါပဲ
Two-ကဲဗျာ..အဲ့ဒါဆိုလဲသွားကြစို့ သွားကြစို့
YOU ARE READING
💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)
FanficMean X Plan (2wish)💙💚 ကိုယ့်ရဲ့ ဒုတိယခြေလှမ်းလေးပါ😊 ကိုယ်ချစ်တဲ့2wishလေးကို ခံစားပုံဖော်ထားပါသည်😊 proမဟုတ်သည့်အတွက် လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်😁😁 2wishကိုချစ်လွန်းလို့ ရေးသားထားခြင်းဖြစ်ပါသည်✌✌ WTG💙💚