💙Ep~~~18💚

843 76 5
                                    

ချစ်သူနှစ်ဦးသောင်ပြင်မှာအော်ဟစ်ကာ
ပျော်ရွှင်ခဲ့ကြပြီး သူတို့ရဲ့အခန်းလေးကို
ပြန်လာခဲ့ကြတယ် အခန်းထဲရောက်တာနဲ့ ချာတိတ်လေးကိုခုံပေါ်မှာ ချပေးလိုက်တယ် Twoလဲနောက်လှည့်ကာချာတိတ်ရဲ့မျက်နှာလေးကို သူ့လက်နှစ်ဖက်နဲ့ဖွဖွလေး အုပ်ကိုင်လိုက်ကာ
အကြင်နာအကြည့်လေးတွေနဲ့ ကြည့်လိုက်တယ်
ချာတိတ်လေးလဲ သူ့ကိုအချစ်မျက်ဝန်းတွေနဲ့
ပြန်ကြည့်နေခဲ့တယ်လေ အခုချိန်မှာဘာလိုဦးမှာလဲ...

Twoလဲအနှစ်နှစ်အလလက ထိန်းချုပ်ခဲ့ရတဲ့
အချစ်တွေကို ပွင့်လင်းစွာဖွင့်ဟဝန်ခံပြီးခဲ့ပြီဖြစ်သလို ချာတိတ်လေးကလဲ သူ့အချစ်တွေကို ချစ်ပါတယ်ဆိုတဲ့စကားလေးတခွန်းနဲ့
ပြန်တုံ့ပြန်ခဲ့ပြီဆိုတော့ အခုကစပြီး
ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေ
ဖြစ်သွားကြပါပြီ အဲ့ဒါဆိုတော့ပွင့်လင်းစွာ
ချစ်လို့ရပြီလေ ချာတိတ်လေးနဲ့အကြည့်ချင်းဆုံစွာ
ကြည့်လိုက်ပြီး ချာတိတ်လေးကအလိုက်သိစွာပဲ
မျက်လုံးလေးကိုမှိတ်ထားလိုက်ပြီး ခေါင်းမော့ပေးထားတယ် ချာတိတ်လေးကိုကြည့်ပြီး ကျွန်တော်တချက်ပြုံးလိုက်တယ် သေချာတာကတော့
ချာတိတ်လေးရော ကျွန်တော့်လိုမျိုးပဲ
ရင်ခုန်သံတွေဝုန်းဒိုင်းကျဲနေမှာအမှန်ပါပဲ.....

ချာတိတ်လေးမျက်နှာဆီ တဖြည်းဖြည်း
တိုးသွားလိုက်ပြီး နှုတ်ခမ်းလေးကို
တချက်ကြည့်လိုက်ပြီး Twoလဲ
မျက်လုံးလေးမှိတ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့
နှုတ်ခမ်းနှစ်ခုကို နှစ်ဦးသဘောတူ
ပထမဆုံးအကြိမ်အဖြစ် ထိတွေ့လိုက်တယ် ချာတိတ်လေးရဲ့နှုတ်ခမ်းလေးကို ထိတွေ့မိလိုက်တာနဲ့ ထိန်းချုပ်မှုတွေကင်းမဲ့ခဲ့ပြီလေ.......

ချာတိတ်ရဲ့အပေါ်နှုတ်ခမ်းကို ဆွဲယူနမ်းရှိုက်လိုက်တယ်
ပြီးတော့အောက်နမ်းလေးကိုတလှည့်နမ်းရှိုက်လိုက်တယ်
နမ်းနေရင်း ခံစားမိတာကချာတိတ်လေးကပဲ
ကြောက်နေလို့လားမသိဘူး သူ့အနမ်းတွေအတွက် အဆင်သင့်ဖြစ်ပုံမပေါ်ဘူး အလိုက်သင့်လေး
ပြန်မတုံ့ပြန်လာဘူးလေ အဲ့ဒါကြောင့်အနမ်းတွေကို
ရပ်တန့်လိုက်ပြီး ချာတိတ်ကိုကြည့်လိုက်တယ်
ချာတိတ်ကလဲ ဘာဖြစ်လို့လဲဆိုတဲ့အကြည့်နဲ့
ပြန်ကြည့်နေခဲ့တယ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now