💙Ep~~~9💚

771 62 0
                                    

Two-ချာတိတ် ဒေါက် ဒေါက် ချာတိတ် တံခါးလာဖွင့်ပါဦး.ဘာဖြစ်တာလဲ ချာတိတ် တံခါးဖွင့်ဦး

Twoကအောက်ထပ်ကလူတွေကြားသွားမှာစိုးလို့ တိုးတိုးလေး Wishကိုလှမ်းခေါ်ပြီး တံခါးကို
ဖွဖွလေးခေါက်နေတာပါ အထဲကဘာသံမှမကြားလို့ တော်တော်လည်းရင်ပူနေပါပြီ ခေါ်နေရင်း တံခါးလက်ကိုင်ကိုလှည့်ကြည့်လိုက်တော့
တံခါးကလော့ခ်မချထားတော့ ဖွင့်သွားပါတော့တယ်
တံခါးပွင့်သွားတာနဲ့အခန်းထဲပြေးဝင်သွားလိုက်တော့
တွေ့ပါပြီအိပ်ရာပေါ်မှာ အင်္ကျီလက်ပြတ်လေးနဲ့
ကွေးကွေးလေး အိပ်ကာ တဟင်းဟင်း ညည်းညူနေတဲ့ချာတိတ်

Two-ဟာ...ကိုယ်တွေပူခြစ်နေတာပဲ

TwoလဲWishရဲ့ခြစ်ခြစ်တောက်ကိုယ်ပူနေတာကို စိုးရိမ်စွာနဲ သူ့အခန်းကိုအမြန်ပြေးသွားကာ ဆေးအိတ်ကိုသွားယူလိုက်တယ် ချာတိတ်အခန်းကို
ပြန်ရောက်တာနဲ့ အဖျားတိုင်းကာ
နားကြပ်နဲ့ထောက်စမ်း စစ်ဆေးစရာတွေရှိတာ
စစ်ဆေးနဲ့ အတော်အလုပ်ရှုပ်သွားတယ် စစ်ကြည့်တော့တခြားဟာတွေ
အကုန်အဆင်ပြေတယ် ကိုယ်ပူတာလေးပဲရှိတာပါ

Two-အာ...အဖျားက103တောင်ကျော်တာပဲ
အဖျားအရမ်းကြီးတာပဲ မဖြစ်သေးပါဘူးကွာ

ချာတိတ်ကိုစောင်အပါးလေးခြုံပေးပြီး
အောက်ထပ်ကို ခြေသံတိတ်တိတ်လေးနဲ့ဆင်းလာခဲ့ပြီး ရေခဲရေတွေယူ ချာတိတ်ကိုဆေးတိုက်ရမှာမို့ နွားနို့လေးယူပြီးအပေါ်ပြန်တက်
သူ့အခန်းထဲဝင် တဘက်အသေးလေးယူပြီး ချာတိတ်အခန်းကို ပြန်သွားလိုက်တယ် ချာတိတ်ကတော့တဟင်းဟင်းနဲ့
အိပ်ရာပေါ်မှာကွေးကွေးလေးနဲ့ ညည်းညူနေတုန်းပေါ့

Two-ချာတိတ် ချာတိတ် ချာတိတ် ခဏထပါဦး
ဆေးထသောက်လိုက်ဦး လာ ကိုယ်ထူပေးမယ်

Twoကချာတိတ်ရဲ့ပါးလေးကို ဖြေးဖြေးလေးပုတ်ပြီးခေါ်တော့ Wishမျက်လုံးေ
အနည်းငယ်ဖွင့်ကြည့်လာတယ် အဖျားက
အရမ်းတက်နေတော့ သွေးလေးပြီးမျက်လုံးတွေလဲ
မဖွင့်နိုင်ဘူးလေ Twoကချာတိတ်ကို သူ့ပုခုံးလေးကနေဖြေးဖြေးလေး ဆွဲထူမလိုက်ပြီး ထိုင်စေလိုက်တယ် လက်တဖက်ကချာတိတ်ကို
ပွေ့ထိန်းထားရင်း လက်တဖက်က နွးနို့အရင်တိုက်ပေးလိုက်တယ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now