💙Ep~~~20💚

776 82 6
                                    

နောက်မနက်မှာတော့အားလုံးစောစောထပြီး
ကမ်းခြေမှာ လမ်းလျှောက်ကြပြီး ခရုခွံလေးတွေ
လိုက်ကောက်ကြတယ် မပြန်ခင်
အလှဓာတ်ပုံလေးတွေရိုက်ကြ စုံတွဲပုံလေးတွေ
တွဲရိုက်ကြနဲ့ အပျော်ကြီးပျော်ခဲ့ကြတယ်
ကမ်းခြေဘက်က ပြန်လာပြီး မနက်ဘရိတ်ဖတ်စ်စားသောက်ကြပြီးတော့
ရန်ကုန်ကို ပျော်ရွှင်မှုများစွာနဲ့ပြန်လာခဲ့ကြတယ်...

အိမ်ပြန်ရောက်တော့လဲ ကိုကြီးနဲ့ကျွန်တော်နဲ့ကတော့
အမြဲတပူးတွဲတွဲပါပဲ ဘယ်သွားသွားအတူတူပဲပေါ့
ဖေဖေကတောင် သူတို့အရမ်းတည့်နေလို့
သဘောတွေကျလို့ အခုလဲ
ကျွန်တော်ရေခဲမုန့်စားချင်လို့ ကိုကြီးက
လိုက်ကျွေးတာပါ ကိုကြီးလဲရေခဲမုန့်ကြိုက်တယ်လေ

Wish—ကိုကြီး ကျွန်တော့်ဟာမြည်းကြည့်ပါလား

Two—ဟမ်..ဒီနေရာမှာကြီးလား
မဖြစ်ဘူးထင်တယ် ဟဲဟဲ

ချာတိတ်ဘာပြောတာလဲဆိုတာသိပေမဲ့
ချာတိတ်ကိုစချင်လာလို့ ဘေးဘီကိုတချက်ကြည့်ပြီး တိုးတိုးလေး ကပ်ပြောလိုက်တယ်....ပြောပြီး တဟဲဟဲလုပ်နေလိုက်တယ်

ပထမတော့ကိုကြီးဘာပြောတယ်ဆိုတာကို သဘောမပေါက်ဘူး ပြီးတော့မှတဟဲဟဲလုပ်နေတဲ့ ကိုကြီးရဲ့ပြောင်ချော်ချော် မျက်နှာထားကြောင့် အထာပေါက်သွားရတော့တယ်...
ဘာတွေပြောနေတာလဲ ရှက်စရာကြီး

Wish—ကိုကြီး ဘာတွေပြောနေတာလဲ ကျွန်တော်ပြောတာ ကျွန်တော့်ရေခဲမုန့်ကို
ပြောတာလေ ကိုကြီးနော်

Two—အင်းလေ ကိုယ်လဲရေခဲမုန့်ကိုပြောတာပဲလေ
ကိုယ်ကရေခဲမုန့်ကြိုက်တော့ မြည်းရင်းနဲ့ချာတိတ်ရဲ့ ရေခဲမုန့်တွေကို အကုန်စားမိသွားရင် ဘယ်လိုလုပ်မလဲ
သူများတွေမြင်ပြီးအရှက်ကွဲမှာပေါ့ကွ ကလေးဆီက
လုစားရသလားဆိုပြီးလေ ကိုယ်ကအာ့တာပြောတာပါ
ချာတိတ်က ဘာထင်လိုက်တာလဲ ဟားဟား...

Wish—ကိုကြီးနော် စကားကိုခွမပြောနဲ့

Two—ဟောဗျာ..ကိုယ်ခွမပြောပါဘူး ဒီမှာထိုင်ပြီးပြောနေတာပါကွ

Wish—ကိုကြီး ကျွန်တော်စိတ်တိုလာပြီနော်

Two—ဟား...ကိုယ်ကချစ်လို့စတာပါကွာ
ချစ်လို့ ချစ်လို့ စိတ်မဆိုးလိုက်ပါနဲ့အကိုလေးရယ်
ပေး ပေး ကိုယ်မြည်းကြည့်မယ်
အား..ပါး...ပါး...ကောင်းလိုက်တာ ရင်ထဲကိုအေးသွားတာပဲ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now