💙Ep~~~4💚

845 68 2
                                    

Wishတယောက်တည်းအကြာကြီးစောင့်နေရမှာစိုးလို့
ပြိုင်ကားလိုအမြန်မောင်းလာခဲ့တဲ့Twoကတော့
Wishကျောင်းရှေ့ကမြင်ကွင်းကိုမြင်ပြီး ကိုယ့်ကိုယ်ကိုတောင် ဖနှောင့်နဲ့ပေါက်သတ်ချင်စိတ်
ပေါက်တယ် သူကတော့စိတ်တွေပူလို့
ကိုယ်တော်ချောက မိန်းကလေးသူငယ်ချင်းတွေ
၅ယောက်လောက်နဲ့ စကားတွေဖောင်ဖွဲ့ပြောနေတာ ရေပက်တောင်မဝင်ဘူး သေချာကြည့်တော့မှ
သူတယောက်တည်း အဲ့ဒီ၅ယောက်ကို ထိန်းနေသလို သူချည်းဒိုင်ခံပြောနေတာဗျ ကြည့်မရစွာနဲ့ပဲ
Twoလဲကားရပ်လိုက်ပြီး ဟွန်းတီးလိုက်တယ် ကိုယ်တော်ချောက တချက်လောက်လှည့်ကြည့်ပြီး စကားဆက်ပြောနေသေးတာ ဟွန်း၅ချက်လောက်
ဆက်တိုက်တီးလိုက်မှ လက်ပြနှုတ်ဆက်ပြီးထလာတယ်
ကားထဲဝင်တာနဲ့ သူကချည်းအရင်စွာတာဗျာ လက်လန်

Wish—ခင်ဗျား ဘာလို့ဒီလောက်တောင်မှ
နောက်ကျနေတာလဲ ခင်ဗျားကိုစောင့်နေရတာနဲ့ လူကုန်ကူးခံရတဲ့အထဲပါသွားနိုင်တယ်

Wishရဲ့စကားတွေကြောင့် ခုနအမြင်မကြည်တာတွေတောင် ပျောက်သွားရတယ် ကျွန်တော့်ကိုစောင့်နေရလို့ သူလိုလူကပဲ
လူကုန်ကူးခံရနိုင်တယ်ဆိုပဲ ဘယ်လိုဟာသလားဗျာ
သူ့လို လူလည်ချာတိတ်တယောက်ကဘယ်လိုလုပ်
လူကုန်ကူးခံရမှာလဲ Twoကတော့
တွေးတွေးရယ်မိတော့တာပါပဲ

Two—ဟား....မင်းကိုဘယ်သူမှလူကုန်မကူးနိုင်ပါဘူး စိတ်ချစမ်းပါ လူမှားပြီးဖမ်းခေါ်သွားရင်တောင် မင်းကိုတောင်းတောင်းပန်ပန်နဲ့
ပြန်လွှတ်ပေးဦးမှာသေချာတယ် ဘာလို့်လဲသိလား

Wish—ဘာလို့လဲ

Two—ဘာရမှာလဲကွ မင်းပုံစံကိုလဲကြည့်ဦးလေ ဘယ်နားမှာ အူတူတူဖြစ်နေလို့လဲ ပြီးတော့ မင်းကသူတို့ထက်ပိုလည်ပြီး သူတို့ကိုတောင် လက်ညိုးထိုးပြီးပြန်ရောင်းစားသွားမဲ့ပုံစံဖြစ်နေလို့
အဲ့ဒါကြောင့်မင်းကို ဘယ်လူကုန်ကူးမဲ့သူမှလာမခေါ်ဘူး စိတ်ချ ဟားးး..........

Wish—ခင်ဗျား ဘာမှလျှောက်ပြောမနေနဲ့ ခင်ဗျားလာကြိုတာ နောက်ကျလို့ ကျွန်တော်ပျောက်သွားရင် ဖေဖေကခင်ဗျားကို
တရားစွဲမှာသေချာတယ်

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now