~~အပယ်ခံသက်သက်🍂🍃~~(Unicode)
At Classroom, ~
မနက် 9:00 အတိဖြစ်၍ ကျောင်းသား ကျောင်းသူ အားလုံး
အခန်းထဲ ရောက်နေကြပြီ ...
သေချာကြည့်မှ အခန်းထဲတွင် မနေ့ကလောက်လူမရှိတော့
မနေ့က လူတွေများ၍ အခန်းမှာ ပြည့်ကျပ်နေကာ
ကျွန်တော်ပင် ရှိသောထိုင်ခုံ၍ပင် ဝင်ထိုင်ခဲ့ရသည်..
ဒီနေ့ လူမှာအတော်ကျဲနေသည်..
ဘေးမှကျောင်းသူများ၏ ပြောဆိုနေသည်ကိုနားစွင့်လိုက်တော့ ကျောင်းသား
အတော်များများ အခြားမေဂျာ ပြောင်းသွားကြသည်ဆိုဘဲ..
တစ်ရက်တည်းနှင့် ပြောင်းသွားကြခြင်းဖြစ်၍ ဌာနမှူးများကတော့ အပြစ်မပြောဘူးထင်ပါရဲ့
ကျွန်တော်ယူထားသော မေဂျာသည် အခြားမေဂျာတို့ထက်
ခက်ခဲသည် မိုင်နာကိုပင် မနည်းနားလည်အောင် သင်ယူရမည့်
မေဂျာဖြစ်သည်....
........
.........
..........ခနကြာတော့ Sam ဝင်လာသည်...
"" Annyeong Sam ""
ကျွန်တော်တို့တစ်ခန်းလုံး မတ်တပ်ရပ်၍ Sam အားနှုတ်ဆက်လိုက်ကြသည်
"" ထိုင်ပါ Good Luck Morning ပါ ""
"" Nae Sam. Good Morning ပါ""
"" သား အခန်းထဲ ဝင်လာခဲ့ ""
Sam က အခန်းပြင်က ကျောင်းသားတစ်ယောက်ကို လှမ်းခေါ်နေသည်
"" Nae Sam ""
ဖြူဖြူသေးသေး ကောင်လေးတစ်ယောက် အခန်းထဲဝင်လာသည်
"" ကဲ ဒါက China ကနေ ပြောင်းလာတဲ့ တရုတ်ကောင်လေး
မိတ်ဆက် လိုက်ပါအုန်း သား """" Nae ကျွန်တော့် နာမည် Xiao Luhan ပါဗျ
အသစ်လေးမို့ ကူညီပေးကြပါအုန်း ""ကောင်လေးက ပြုံးပြုံးရွှင်ရွှင်လေးဖြင့် မိတ်ဆက်သည်
မျက်လုံးလေးကလည်း တောက်ပနေတာပဲ~"" Nae "" (ကျောင်းသားများမှ)
"" သား အဲ့တာဆို သွားဝင်ထိုင်လိုက်တော့ ""
""Nae Sam""
ကောင်လေးကပြောပြီး အနောက်ဘက်ကိုလျှောက်လာတယ်
ပြီးတော့ ကျွန်တော့်ကိုပြုံးပြပြီး ကျွန်တော့်ဘေးက ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်
![](https://img.wattpad.com/cover/190812088-288-k507327.jpg)
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "