🍂အပယ်ခံသက်သက်🍀Part_18
Yeol မိယောဂု သောက်နေတုန်း ကျနော် အဝတ်လဲဖို့ရာ အခန်းထဲလာခဲ့သည်...
ထာဝရအတွက် နောက်ဆုံးအမှတ်တရလေးတစ်ခုလောက် ယူသွားပါရစေလေ...
ကလေးသာသာ လို T_shirt အဖြူအကွက်လေးနဲ့ ဂျင်းအတို လေးသာရွေးဝတ်ခဲ့သည်..
ဆံပင်လေး အနည်းငယ်သကာ မကြာသေးတုန်းကမှ မုန့်ဖို့စုပြီးဝယ်ခဲ့တဲ့ shoes လေးတစ်ရံ စီးပြီး အပြင်ထွက်ခဲ့လိုက်သည်..." Yeol သွားရအောင် ဒီနေ့တော့ Park Chan Yeol ကားနောက်က လိုက်ရတော့မယ် ဟင်းဟင်း "
" ဟုတ်ကဲ့ပါဗျာ ဒါနဲ့ ဘယ်ကိုသွားချင်လဲပြောစေဗျာ "
"အွန်း လောလောဆယ်ဆယ် ကစားကွင်းအရင်သွားမယ်.. ဒီနေ့ Yeol ကမွေးနေ့ရှင် ဆိုတော့ ကျနော်သွားချင်တဲ့နေရာ အကုန်လိုက်ပို့ပေးရမယ် "
"အလိုဗျာ ဗြောင်းပြန်ကြီးပါလား? ဟားဟားး လူလည်လေး လိုက်ပို့ပေးပါ့မယ် Hyun လေးသွားချင်တဲ့နေရာတွေအကုန် ကိုယ်လိုက်ပို့ပေးမယ် "
" အားယီးယို့ တကယ်နော် "
" တကယ်ပါဗျာ .. ကဲ သွားရအောင် "
" Yes, Sir ! "
ကျနော်လည်း Yeol ဖွင့်ပေးတဲ့ တံခါးလေးကနေ ကားထဲဝင်ထိုင်လိုက်တယ် ထို့နောက် Yeol ကမောင်းသူခုံမှာထိုင်ရင်း ကျနော့်အား ခါးပတ်လာပတ်ပေးသည်..
ရင်တွေခုန်လိုက်တာဗျာ.. ဒီလောက်လေးကိုတောင်လေ ~
ထို့အတူ Yeol ကားလေး ကစားကွင်းသို့ ဦးတည်သွားချေပြီ..................................................
" Wow !! Yeol Yeol ကျနော် အဲ့တာစီးမယ် "
" ဟင်!! "
ကစားကွင်းထဲ ရောက်တယ်ဆိုရင်ပဲ စီးလိုက်တဲ့ဟာတွေဆိုတာ အဆက်ပြတ်တယ်မရှိ..
စီးတဲ့ဟာတွေကိုလည်းကြည့်အုန်း ကလေးစီးတဲ့ မြင်းရုပ်တွေဆင်ရုပ်တွေပေါ် ကိုယ်ထိုင်ပြီးစီးတဲ့ဟာတို့ လက်ကိုင်ထိုင်ခုံလေးကိုကိုင်ပြီး ဖြေဖြေလှည့်တဲ့ဟာတို့ ကားထဲဝင်ပြီးလိုက်တိုင်တာတို့...
ဒါကြောင့်လည်း ထိုအချိန်က ကောင်လေးကို မှတ်ချက်လေး တစ်ခုပေးခဲ့မိသည် ...
![](https://img.wattpad.com/cover/190812088-288-k507327.jpg)
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "