🍃အပယ်ခံသက်သက်🍂
(Unicode)
Baek လည်း Xiao Lu ကိုနှုတ်ဆက်ပြီးမကြာ Bus လာရပ်ပြီမို့ အမြန်တတ်သွားလိုက်သည် bus ပေါ်အခြားသူတွေထက် ဦးအောင် အရင်တတ်သည်တောင်မှ ထိုင်စရာထိုင်ခုံကမရ ရုံးဆင်းချိန် စျေးပိတ်ချိန် ကျောင်းဆင်းချိန်တွေ ဖြစ်၍ Bus ကသည်လိုအချိန်ဆို လူပြည့်ကျပ်စမြဲ .. အလယ်လောက်ထိ လျှောက်သွားပြီး ဆင်းမည့်အပေါက်ဝရှေ့နားလောက်တွင် မတ်တပ်ရပ်လိုက်သည်...
လူတွေအားလုံး တတ်ပြီးတော့ busလည်းစထွက်သွားသည်။
မှတ်တိုင်တစ်ခုရှေ့ ရပ်လိုက်တိုင်း လူတွေထက်တတ်လာသည်..
လူကကျပ်လာပြီမို့ အပေါက်ဝနားကနေ နောက်ဆုံးနားထိရောက်သွားရသည် အတော်လည်းပူသည် ။ လူပေါင်းများစွာရဲ့
အနံ့ပေါင်းများစွာကြောင့်လားမသိ လူကယိုင်တိုင်တိုင်ဖြစ်ချင်လာသည် ချွေးကထွက်နေသည်မို့ မျက်နှာမှအရည်ကြည်ဘုတွေကလည်း စပ်ဖျင်းဖျင်းဖြင့် ။"" ဟူးး ခေါင်းကလည်းချာလည်ရိုက်နေပြီ မြန်မြန်အိမ်ပြန်ရောက်မှပါ ""
Baek တီးတိုးရေရွတ်လိုက်သည်
အိမ်ပြန်ရောက်မှပါ လို့သာပြောရတာ အိမ်ရောက်ရင်ဘယ်လိုတွေ ဖြစ်အုန်းမှာလဲ ကျွန်တော်မသိ...
ဒီနေ့မှ bus ကလည်းပိုကြာနေသလိုပင် လူကလည်းစိတ်ကမကြည်..............
မိနစ်အနည်းငယ်ကုန်ဆုံးလာပြီး မှတ်တိုင်အတော်များများ ကျော်ဖြတ်လာပြီးနောက်မှာတော့ ကျွန်တော်ဆင်းရမည့်မှတ်တိုင်သို့ ရောက်ရှိခဲ့ပြီ ...
ကားရပ်သည်နှင့် အမြန်ဆင်းပြီး အိမ်သို့ဦးတည်လိုက်သည်.
ကားထဲကထွက်တော့ အပြင်လေ သဘာဝလေကို
တစ်ဝရှူရှိုက်လိုက်သည် ..ပြီးသည်နှင့်အိမ်သို့ဦးတည်ထွက်ခဲ့ပါသည်.......
ကားကကြာနေတာ နေလုံးကြီးပင် ပုစွန်ဆီရောင်သန်းနေပြီ။
နှုတ်ဆက်နေတဲ့ နေမင်းကြီးနဲ့ ပုစွန်ဆီရောင် ကောင်းကင်ကြီးအား တစ်မေ့တစ်မောကြည့်ရှုမိလိုက်ပါသည်...
ထို့ပြင် ချယ်ရီပင်တို့ထက်က ပန်းချယ်ရီလေးတွေ.. တကယ်လှတယ်ဗျာ ရင်ကိုငြိမ်းချမ်းစေတယ် ...
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "