🍂အပယ်ခံသက်သက်🍀
(Unicode)အရင်လို ရက်စက်ကြမ်းကြုပ် မှုတွေနဲ့ စိမ်းသက်တဲ့ အခြေအနေတွေ အခုဆို ကျနော်တို့ နှစ်ယောက်မှာမရှိတော့..
ရက်သတ္တပတ် အနည်းငယ် ကုန်လွန်လာသည်နှင့်အမျှ ဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီ..
အခုဆို သူက ကျနော့်ကိုမျက်စိအောက်ကပင် အပျောက်မခံနိုင်အောင် ဖြစ်နေပြီတဲ့လေ.. အစပိုင်း သူပြောင်းလဲခဲ့စဉ်က ကျနော့်ကို တစ်နည်းနည်းနဲ့ နာကျင်အောင်လုပ်အုန်းမည်လားဟု တွေးထင်ခဲ့သည်.. အခုနောက်ပိုင်း သူ့ရဲ့ဂရုစိုက်မှုတွေကြောင့် သံသယ ဆိုတာ ဝေလာဝေး သူ့ရဲ့စိတ်ရင်းအမှန်လေးနဲ့ စောင့်ရှောက်ယုယ မှုတွေကို ကျနော်အလေးထားတော့မည်....
မယုံကြည်မှုတွေ ဖြေဖျောက်လိုက်ပါတော့မည်...
မလိမ်မညာတမ်း ဆိုရပါလျှင်......
ကျနော့်ရင်ထဲက တစ်စိတ်တစ်ဒေသ ကို သူရောက်ရှိနေနှင့်ပြီထင်ပါရဲ့လေ ~~~°•: °•: °•: °•: °•: : •°: •°: •° °•: °•: °•: °•: °•:
"" Hyun ahh... ဘာလုပ် ""
"" အာ .. နိုးပြီလား? ""
"" ကြာပေါ့ ဟွန်း ဒီမာ Hyun ကိုမတွေ့လို့ လိုက်ရှာနေတာ ""
"" ဟီးး ဟုတ်လား... Hyun က ပန်းပင်လေးတွေ ပြန်စိုက်နေတာ ဆောင်းရောက်ပြီဆိုတော့ ပန်းလေးတွေ လန်းတော့မှာလေ.. အဲ့တာ ပြန်ပေါင်းသင်နေတာ ""
"" Hyun က ပန်းတွေ ချစ်တာလား ""
"" အင်း ချစ်တယ်.. စိတ်တွေမောပန်းနေရင်တောင် သူတို့လေးတွေကိုမြင်ရင် ရင်ထဲအေးချမ်းတယ်.. Hyun ဘဝက Yeol လို ငယ်ငယ်ကတည်းက ချောမွေ့ ခဲ့တာမှ မဟုတ်ဘဲလေ..
စိတ်တွေဖိစီးပြီး အရမ်းမွမ်းကြပ်နေတဲ့ အချိန်တွေကို တောစွန်းလေးက ချယ်ရီပင်အောက်မှာပဲ ဖြေရှင်းခဲ့ရတာ... ""ကျနော် အသာ ပြုံးပြလိုက်သည်.. သူကတော့ ကျနော့်ကို မမှိတ်မသုန် စိုက်ကြည့်လို့....
တစ်ခါတစ်လေဆို သူ့အကြည့်တွေက စူးရှလွန်းလို့ ရင်မဆိုင်ရဲ.. တစ်ခါတစ်လေတော့လည်း ငြိမ်ဆိတ်လို့နေတယ် ~~"" Yeol က ပန်းတွေမချစ်ဘူးလား? Yeol အခန်းထဲ စားပွဲပေါ်
ကပန်းအိုးကလည်းပန်းမရှိဘူး ပန်းတွေကိုမနှစ်သက်ဘူးလား?... ""
![](https://img.wattpad.com/cover/190812088-288-k507327.jpg)
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "