🍂အပယ်ခံသက်သက်🍀(Unicode)အထည်စက်ရုံ ဖြစ်သည့်အတွက် အလုပ်မှာပြည့်ကြပ်လွန်းသည်..နားချိန်သည် ထမင်းစားချိန်ပင်ရှိသည်..
အခုဆိုလျှင် ကျနော်အလုပ်လုပ်သည်မာ နှစ်လပြည့်တော့မည်..
အတွင်းရေးမှူးကြီး၏ အသင်အပြ သပ်ရပ်မှုကြောင့် တစ်ပတ်အတွင်း အလုပ်အားလုံးကို တွင်တွင်ကျယ်ကျယ် တတ်မြောက်ခဲ့သည်.. ဖော်ရွေသော ကျနော့်အား ခင်မင်ချစ်ခင်သူလည်းများပြားလာသလို Appa Xing ၏ သားတစ်ယောက်လို့ သိထား၍ ပိုလို့ဖော်ရွေကြသည်..
လူ့အသိုင်းအဝိုင်းနှင့် များပြားပြည့်ကြပ်သော အလုပ် ကိုသာ အာရုံစူးစိုက်ထားသည်..
အရာအားလုံး အသစ်က ပြန်စဖို့ရာ..
ပထမဆုံး ရှင်သန်ခဲ့ဖူးသော နှလုံးသားကို ရင့်ကျက်စေဖို့ရာ..
ကိုယ်ပြန်သွားတဲ့အချိန် သူ့ကိုမမြင်ချင်ယောင်ဆောင်နိုင်ဖို့ရာ..
အချစ်တွေအားလူံး မြုပ်နှံထားနိုင်ဖို့...
အလုပ်နှင့် ဖြေသိမ့်ရင်း အားလုံးကိုမေ့ပစ်တော့မည်...." Baekhyunee Baekhyunee ~"
" အာ Nae ဘာဖြစ်လို့လဲမသိဘူး "
" ဒီမှာလေ နောက်ထပ်ပို့ကုန်အတွက် ဒီဇိုင်းလာတောင်းတာ "
" အာ ဒီမာပါ "
" Nae "
ကောင်မလေး တစ်ယောက်ကတော့ ဒီဇိုင်းယူပြီး သူ့နေရာပြန်သွားသည်.
. ကျနော်လည်း အထည်တွေအားလုံးကို ပြန်စစ်ဆေးရမည်.." Wow!! ဒီကဝန်ထမ်းတွေက အရမ်းတော်တာပဲ ကျနော်ပြတဲ့ဒီဇိုင်းကို တထေရာတည်း တူအောင် ချုပ်လုပ်နိုင်တယ်...
ဟာ့ ဒီလိုဆို အားလုံးကို လစာ တိုးပေးမှ ရတော့မယ် ထင်တယ် ။ အရမ်းတော်နေတော့လေ.. အားလုံးက "" အို ! Baek လေးကလည်းနော် မမတို့က တိုးမပေးလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးမှာပါ "
" ဟုတ်တယ် ဟုတ်တယ် အခုလည်း ပေးတာကနည်းတာမှမဟုတ်တာ ဒါပေမယ့် ပေးမယ့်ဆိုရင်တော့ ယူရမာပေါ့နော် .. ဟီးဟီး.. "
" ဟဟ... ဟုတ်ကဲ့ပါ Baek မပြောခင်ကတည်းက Appa ကတိုးပေးဖို့ပြောထားပြီးသား ဒီလကစပြီး အားလုံးကိုတိုးပေးမယ် "
" Woooo!! ပျော်စရာကြီးကွ "
" Wooo !!! Baek Baek အကောင်းဆုံးပဲ"
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "