🍃အပယ်ခံသက်သက်🍂
(Unicode)
ကျနော် ကျောင်းရောက်တော့ Xiao Luပင်ရောက်နေပြီ
တယ်ဟုတ်ပါလား ဟုပင်တွေးလိုက်မိသည်.. သူက ကျန်သေးတဲ့စာနှစ်ပုဒ်ကို တစ်ယောက်တည်းစဉ်းစားနေပုံပဲ ခေါင်းကုပ်ဖင်ကုပ်နှင့် မျက်မှောင်ကလည်းကျုံ့လျှက် ပါးစပ်ကလည်းပွစိပွစိနှင့် ဘာတွေရွတ်နေလည်းမသိ စာစဉ်းစားတာကို စိတ်အားအတော်ထက်သန်နေပုံပဲ.... ကျနော် လည်း Xiao Lu ဘေးကျနော့်ခုံဆီကိုသာ မြန်မြန်လျှောက်သွားလိုက်သည်.. ကျနော်လည်းလွယ်အိတ်ခုံပေါ်တင်ပြီး ကျန်သေးတဲ့ပုဒ်စာကိုတွက်ရန် စာအုပ်ထုတ်လိုက်ပြီး သူတွက်တာဘယ်အထိရောက်ပြီလဲ စောင်းကြည့်လိုက်သည်....
" ငိ.. Xiao Lu "
ကျနော် သူ့စာအုပ်အားလှမ်းကြည့်လိုက်ချိန်မှာပဲ ကျနော့်အတွေးတွေ တက်တက်စင်အောင် လွဲပါတော့သည်..
" Yarr!!! Xiao Lu !!!!"
ကျနော်လည်းစိတ်တိုတိုနှင့် ပိတ်အော်လိုက်သည်.
" Wae? "
" မင်းအဲ့တာ ဘာလုပ်နေတာလဲ!! အမ် "
" စာတွက်မို့ မင်းကိုစောင့်နေတာလေ!! "
အောင်မာ အောင်မာ သူကတောင်ပြန်အော်နေသေးတယ်
သူ့စာအုပ်မှာ စာနှင့်တူသည့်စာလုံး တစ်လုံးမှမရှိ လူနာမည်တစ်ခုကိုသာ ပိုင်ပိုင်နိုင်နိုင်ရေးနေသည်.. သေချာတာတော့ တစ်ယောက်ယောက်နှင့် ရန်ဖြစ်လာပြန်ပြီထင်တယ်..
" ဘယ်သူနဲ့ ဘာဖြစ်လာပြန်ပြီလဲ "
" Oh Sehun!!!! Oh Sehun!!! Oh Sehun!!!!!! "
" အယ် သူနဲ့နောက်ထပ်ရန်ဖြစ်ပြန်ပြီလား ဘယ်လိုဖြစ်တာလဲ"
Oh Sehun ဆိုသူကိုကျနော်သိသည်.. Xiao Lu က ကျနော့်ကိုသူ့အကြောင်းတွေအကုန်ပြောပြထားသည်.. သူ့အကြောင်းတွေထဲကမှ Oh Sehun ဆိုသူနှင့်လည်း နည်းနည်းကလေးမျှ မတည့်ကြောင်း လုံးဝလုံးဝကြည့်မရကြောင်း အလွန်အင်မတန် အမြင်ကပ်ဒေါသငယ်ထိပ်ရောက်ရကြောင်း Oh Sehun မျက်နှာကိုမြင်သည်နှင့် ဆွဲကုပ်ပစ်ချင်ကြောင်း သို့လောသို့လောချစ်ကြည်ရေးတွေကို ကျနော်သိထားသည်....
ပြီးတော့ နေသည်ကအိမ်ချင်းကပ်လျှက်ဆိုလားပဲ...
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "
