2

4.3K 205 15
                                    

ဒီနေ့က16ရက်နေ့ဘဲ။အပြင်ကိုလှမ်းကြည့်တော့
မိုးတွေရွာနေသည်။သူမကမိုးစက်တွေကိုသိပ်မုန်း
တာ။မိုးကိုမုန်းသည့်သူမကိုစတွေ့ခဲ့တာကလည်း
မိုးစက်တွေကြားမှာပင်ဖြစ်သည်။6လပိုင်းကကျွန်မ
အတွက်အလွန်ဆိုးရွားသောလဖြစ်သည်။ထိုထဲမှသူ
မကိုတွေ့ခဲ့တာကံကောင်းခြင်းတစ်ခုသာဖြစ်သည်။
မိုးရေစိုနေသောသူမအဝတ်စားနဲ့ဆံချည်မျှင်တွေ
မှာရေစက်လေးတွေကတွဲလောင်းခိုနေသည်။

အခန်းထဲ၌ဖုံမတက်အောင်ထားဖြစ်သောစန္ဒယား
ဆီသို့ခြေလှမ်းမိသည်။သူမကစန္ဒယားသံကိုသိပ်
ကြိုက်တာ။ရွာနေသောမိုးစက်လေးတွေကိုကြည့်
ရင်းလက်ကလေးတွေကခလုတ်တွေပေါ်ပြေးလွှား
နေတော့သည်။

စန္ဒယားသံနှင့်အတူပေါ်ထွက်လာသောသီချင်းစာ
သားအချိုနဲ့အတွေးတစ်ချို့ရယ်ပြီးတော့သူမစကားသံတစ်ပိုင်းတစ်စပါဝင်နေသည်။

ငါ့အခန်းထဲမှာလည်း
နင်ပေးထားခဲ့ဖူးတဲ့
အမှတ်တရလေးတွေအခုထိရှိသေးတယ်။*

"Liကိုဒီစန္ဒယားလက်ဆောင်ပေးမယ်နော်။ကိုယ်
တို့အကြိုက်ချင်းတူတဲ့အရာမို့လို့"

တူညီတဲ့အရာတွေထဲငါတို့နှလုံးသားတွေမပါဝင်ခဲ့
ဖူးလား။

ငါ့နှလုံးသားမှာလည်း
နင်ပေးထားခဲ့ဖူးတဲ့
အချစ်တွေအနမ်းတွေအခုထိရှိသေးတယ်*

"သိပ်ချစ်တယ်li။ဒါဘဲတတ်နိုင်တာမို့တောင်းပန်ပါ
တယ်။"

ချစ်တယ်ဆိုတဲ့စကားကိုတောင်းပန်စာလေးနဲ့ဖြည့်
စွတ်ပြောတတ်တာအကျင့်ဖြစ်နေပြီနဲ့တူတယ်။

ဘယ်သူမှမသိတဲ့တို့ရဲ့အကြောင်းတွေ
ဘယ်သူမှမသိတဲ့ပြဿနာလေးတွေ
ဘ်ာသူမှမသိခင်တို့တွေအဆင်ပြေခဲ့ဖူးတယ်။*

"Liကွာကလေးဆန်လိုက်တာမိုးမိရင်ကိုယ်ဖျားမှာ
ပေါ့။ကိုယ်ဖျားတာအရေးမဟုတ်ဘူး။Liကပါလိုက်
ဖျားရင်ကိုယ့်မှာခြေမကိုင်မိလက်မကိုင်မိတွေဖြစ်
ကုန်ရောကလေးဆိုးကြီးရဲ့။ပြီးတော့စန္ဒယားခလုတ်
တွေကိုအရမ်းဖိမတီးနဲ့လေကွာ။သူတို့သာအသက်ရှိရင်liကိုအပြစ်တင်တော့မှာဘဲ"

You are my only one(Complete)Where stories live. Discover now