Part-3

199 16 0
                                    

Zawgyi+Unicode

''ဒေါက်…ဒေါက်''

''ဝင်ခဲ့ပါ''

''ဒီမှာဆရာစုံစမ်းခိုင်းထားတာတွေပါ''

''ရပြီသွားတော့''

လွန်ခဲ့တဲ့နှစ်ရက်က ကော်ဖီဆိုင်က
ပြန်လာတော့ ကျနော်ကောင်လေး
အကြောင်းသိချင်လာတာနဲ့
ဘာရယ်မဟုတ် အကြောင်းစုံသိအောင်
လူလွှတ်စုံစမ်းခိုင်းထားတယ်

ကျနော့်လို မိဘစုံစုံလင်လင်လည်း
မရှိပေမယ့် တစ်ယောက်တည်း
အလုပ်မျိုးစုံလုပ်ပြီးကြိုးစားရုန်းကန်နေရတဲ့
ဒီကောင်လေးရဲ့ဘဝကိုကျနော်
သနားမိတယ်

အဲ့နေ့က ကျနော့်ရင်ထဲမှာသူနေရာယူ
သွားခဲ့ပြီဆိုတာသေချာသိခဲ့ရတယ်
သူ့မှာချစ်သူရည်းစားရှိတယ် ဆိုဦးတော့
ကျနော့်ဘက်က အချစ်တွေဟာ
တစ်ဖက်သတ်ဖြစ်နေတာကို
သူမသိဘူးဆိုတာတောင်မှ
သူနဲ့ရင်းနှီးမှုလေးရအောင်တော့
ကြိုးစားကြည့်ချင်တယ်

အရင်ဆုံးသူနဲ့ ခင်မင်ရင်းနှီးခွင့်ရအောင်
ကျနော့်ဘက်ကစပြီးလှုပ်ရှားရမယ်လို့တော့
ကျနော်ထင်တယ်
ဘာပဲဖြစ်ဖြစ်ကျနော်သူ့ကို
မထိခိုက်အောင် ကူညီဖေးမရင်း
စောင့်ရှောက်ပေးခွင့်လေးရချင်တယ်

အလုပ်တွေအကုန်လုံးလည်းပြီးရော
အချိန်ကိုကြည့်ကြည့်လိုက်တော့ည၁၀နာရီ
ဒီအချိန်ဆိုသူအိမ်များ ပြန်ရောက်နေမလား

အိမ်ကိုမပြန်ခင်သူ့မျက်နှာလေးကို
မမြင်ရရင်တောင်မှသူ့တိုက်ခန်းလေး
မီးပိတ်သွားတာကို ကြည့်ပြီးမှပြန်ချင်လာတဲ့
စိတ်ကြောင့်ပဲသူနဲ့စတွေ့တဲ့နေ့က
လိုက်ပို့ပေးခဲ့တဲ့ သူနေတဲ့တိုက်ခန်းလေးဆီ
သွားဖို့ကျနော်ဦးတည်လိုက်တယ်

♥…♥…♥…♥…♥…♥…♥…♥…♥…♥…♥…♥…♥

တိုက်ခန်းလေးကိုရောက်တာနဲ့သူနေတဲ့
အခန်းလေးကိုကျနော်မော့ကြည့်တော့
မီးပိတ်ထားတဲ့အခန်းလေးဟာ
ကျနော့်ကိုဆီးကြိုနေတယ်

ကျနော်မရောက်ခင် သူစောစောပြန်ရောက်ပြီး
အိပ်ပျော်သွားတာလည်း ဖြစ်နိုင်သလို
ဒါမှမဟုတ် သူပြန်မရောက်သေးတာလည်း
ဖြစ်နိုင်တာပဲလေ

ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)Where stories live. Discover now