Zawgyi+Unicode
SY's pov;
SY:"ဟက်...မိုးမမြင်လေမမြင် ဖြစ်နေလိုက်ကြတာများ"
တကယ်ကိုမထင်ခဲ့မိတာ သူတို့တွေဘယ်အချိန်တည်းက
ဒီလောက်အထိ...သူငယ်ချင်းလို့ပြောရအောင် ဒီအခြေအနေကြီးကဘယ်သူပဲကြည့်ကြည့်
အထင်အမြင်လွဲလို့ရတဲ့အခြေနေမျိုး...ဒါဆိုoppaက ငါ့အတွက်မဟုတ်ခဲ့ဘူးလား...
oppaရဲ့ရင်ထဲမှာ Seo yeong
အတွက်အစကတည်းက နေရာမရှိခဲ့တာများလား...စိတ်တွေဂယောက်ဂယက် ဖြစ်နေတုန်းမို့လို့နေမှာပါ
ဘာပဲဖြစ်ဖြစ်ဒီကိစ္စက ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး...နောက်ကွယ်က ခိုင်မာတဲ့အကြောင်းအရာကဘာလဲဆိုတာ
သက်သေပြဖို့တော့လိုနေပြီခနပဲစောင့်ပေးပါ oppa ကံစီမံရာအတိုင်းမဖြစ်ရင်တောင် အရာအားလုံးသူ့နေရာနဲ့ သူဖြစ်လာအောင်ကျမဖန်တီးပေးမယ်...
~×~ ~×~ ~×~ ~×~ ~×~ ~×~
# Happiness Cafe #
ဒီကော်ဖီဆိုင်ကိုခြေချမိတာ ဒါနဲ့ဆိုဒုတိယအကြိမ်မြောက်
မထင်မှတ်တဲ့ရေစက်တစ်ခုက ဒီကိုရောက်ဖို့ အကြောင်းဖန်လာတယ်ဆိုတာ
အဲ့ဒီကတည်းကရိပ်စားမိခဲ့သင့်တာပထမတစ်ခေါက်ကတော့ အရသာရှိတဲ့ကော်ဖီကို မြည်းစမ်းချင်ရုံသက်သက်ပဲ
အရင်ဆုံးမဝင်ခင် ဆိုင်အပြင်ဘက်ထောင့်မကျတကျ
နေရာကနေ အထဲကိုအကဲခတ်ကြည့်တယ်သာမန်အခြေအနေတွေမှာငယ်ရွယ်တဲ့ ကလေးသာသာအရွယ်
ကောင်လေးတစ်ယောက်ကမျက်စိထဲ
ချစ်ဖို့ကောင်းနေမယ်ဆိုတာမှန်လိမ့်မယ်မုန့်ဆိုဝေစားဖို့ထက် သူများကို
ရက်ရက်ရောရောကျွေးပစ်လိုက်ရမှ
ကျေနပ်တဲ့ကျွန်မ အခုဘာမဟုတ်တဲ့
ကောင်လေးတစ်ယောက်နဲ့ကျမှ
အချစ်တွေမျှစားနေရတော့မှာတဲ့လားနောက်မှပေါက်တဲ့ကြာပန်းကိုမှ စွဲလမ်းသွားရလောက်အောင်ဒီကောင်လေး
oppaကိုဘယ်လိုများ ဆွဲဆောင်နိုင်ခဲ့တာလဲoppaလိုပြီးပြည့်စုံနေတဲ့ လူတစ်ယောက်က
မိန်းကလေးတွေနဲ့မတွဲဘဲဘာလို့
ယောက်ျားလေးတစ်ယောက်ကိုမှ... ...
YOU ARE READING
ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)
Fanfictionတကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ ချစ်တာမဟုတ်ပါဘူး... ... ... ရရှိခဲ့တဲ့အချိန်တွေက များသည်ဖြစ်စေ နည်းသည်ဖြစ်စေ အခိုက်အတန့်လေးတွေဟာ တစ်ဘဝစာအတွက်မေ့မရနိုင်ခဲ့ရင်... ... ...《crd》 တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ ချစ်တာမဟုတ်ပါဘူး...