Part-1

566 21 1
                                    

Kris+Yeol(Yaoi)

Zawgyi+Unicode


မှိုင်းညှို့နေတဲ့မိုး တိမ်စိုင်တွေအောက် တဖွဲဖွဲရွာသွန်းနေတဲ့ မိုးရေစက်လေးတွေနဲ့ အတူမြစိမ်းရောင်
ကဗ္ဗလာပြင်ထက် မိုးရေစက်လေးတွေကြောင့်
လှိုင်းကြပ်ခွပ်လေးတွေ ပြေးလွှား
ဆော့ကစားနေတဲ့ ကန်ရေပြင်လေးရယ်
ပုံမှန်ဆို ပျော်ရွှင်စွာတေးသီကျူးနေတဲ့
ငှက်ငယ်လေးတွေရဲ့သာယာတဲ့
တေးသံတွေလည်း ပျောက်ရှနေသယောင် ထင်ရတဲ့ပတ်ဝန်းကျင်ဟာ
လမ်းခွဲတော့မယ့် ချစ်သူနှစ်ဦးအတွက်
အသက်မဲ့နေတဲ့ ပန်းချီကားတစ်ချပ်ပမာ...

တစ်ချိန်တုန်းကတော့ ဒီနေရာမှာ
ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်စရာတွေနဲ့
ပြည့်နှက်နေခဲ့ပေမယ့် မဖြစ်နိုင်တော့တဲ့ အခြေအနေတွေကြောင့် ခံစားရခက်တဲ့
ဒီအလွမ်းတွေကို နှစ်ဦးသားရင်ထဲ
မျိုသိပ်ကာ လမ်းခွဲခြင်းဆိုတဲ့
အဆုံးသတ်နဲ့ နှုတ်ဆက်ခွဲခွာဖို့ဖြစ်လာခဲ့ကြတယ်

💔 💔 💔

Yifan: "ကလေး"

"ကိုယ်တို့လမ်းခွဲရအောင်"

Chan: "ကျွန်တော်တို့ဘယ်တော့မှထပ်ပြီး
မတွေ့နိုင်တော့ဘူးလားဟင်"

Yi: "ကိုယ်တောင်းပန်ပါတယ်"

C ;"Chanနားလည်ပါတယ် ကိုကို့ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် လက်ခံဖို့အဆင်သင့်
ဖြစ်ပြီးသားပါကိုကို"

#ကိုကိုနဲ့ပတ်သတ်လို့ Chanဘယ်တုန်းကမှ မငြိုငြင်ရက်တာ ကိုကိုသိရက်နဲ့#

#ပန်းသွေးခြယ်တဲ့ ကိုကို့နှုတ်ခမ်းဖျားက ထွက်လာတဲ့စကားလုံး
တိုင်းဟာ အခုချိန်မှာ ကျွန်တော့်အတွက် အဆိပ်ဖြစ်ပေမယ့်ချိုမြိန်တဲ့ပျားရည်လို နှစ်ခြိုက်နေမိတယ်

တစ်ချိန်က မက်မောစွာနမ်းရှိုက်ခဲ့ဖူး တဲ့နှင်းဆီဖူးလို နှုတ်ခမ်းတွေရယ် ပိုင်ရှင်ဟောင်းကို စွန့်ပစ်ပြီးပိုင်ရှင် သစ်ကိုရှာဖွေခွင့် ရခဲ့လေပြီ

အရင်ကလို ချစ်ရည်ရွှန်းပြည့် နေခဲ့တဲ့ကိုကို့ရဲ့ မျက်ဝန်းညိုတွေကို ငေးမောခွင့်ရမယ့် တစ်ဦးတည်းသော သူဟာကိုယ်မဖြစ် နိုင်တော့ဘူးဆိုတဲ့ အဖြစ်မှန်ဟာ အိပ်မက်ဆိုးတစ်ခုလိုအကြိမ်ကြိမ်နှိပ်စက်နေတယ်

ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)Where stories live. Discover now