Part-5

111 13 8
                                    

Zawgyi+Unicode

Kai's pov,

လူတွေတစ်ယောက်နဲ့တစ်ယောက် ရည်းစားဖြစ်သွားကြရင်
အထူးသဖြင့်အချစ်နဲ့ တစ်ခါမှမတွေ့ကြုံဖူးတဲ့သူတွေ
အချစ်ကိုရှာတွေ့သွားကြရင် ဘယ်လိုပြောင်းလဲလာမလဲ
ဆိုတာမမေးလည်းကျနော့်သူငယ်ချင်း
Park Chanyeolကို ကြည့်ရင်သိနိုင်မှာပါ

အခုဆိုဒီကောင်ကြီးပုံစံက အရင်ကနဲ့လုံးဝကိုမတူတော့တာအမှန်ပဲ
သူ့ကိုကြည့်ပြီးကျနော်တောင် မနာလိုအားကျဖြစ်မိတယ်

ကျနော့်လိုFaအတွက်ကျတော့ ကြိတ်crushနေတဲ့လူက
အရိပ်ပြတာတောင်အကောင်မမြင်တဲ့ အဖြစ်

နေရာတကာသူမြင်အောင်ဘယ်လိုပဲနေနေသူကတော့ကိုယ့်ကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်လောက်ဘူး...

ခုပဲကြည့် ရုပ်တည်ကြီးနဲ့ကြည့်တတ်တဲ့ မျက်မှန်အောက်က
ပြူးဝိုင်းဝိုင်းမျက်ဝန်းတစ်စုံရဲ့အကြည့်ကို ခံချင်လွန်းလို့
စာသင်ချိန်တိုင်းစာကိုမကြည့်ဘဲ သူ့မျက်နှာကိုပဲတစိမ့်စိမ့်ကြည့်နေမိတာ

အဲ့ဒါသူစိတ်တိုလာလို့ အပြစ်ပေးခံရတဲ့အခါ
ကောင်မလေးတွေကကျနော့်ကို ဝိုင်းသနားကြပေမယ့်
ကျနော်ကတော့ပျော်ပျော်ပဲ
ဒီလိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ရဲ့attentionကို
ရဖို့လိုအပ်တယ်

စာကလွဲရင် ကြိုးစားပမ်းစားရှိရှာတဲ့ကျနော့်ကို
ကံကြမ္မာကတစ်ခါလောက်တော့ မျက်နှာသာပေးလာတဲ့နေ့ ရှိလာဦးမှာပဲ

စိတ်ထက်သန်ရင် ဘာမဆိုဖြစ်လာစမြဲပဲမဟုတ်လား... ...

...→...→...→...→...→...→...→...→

Kyungsoo's pov;

Kyungsoo: ''မင်း ဘာလိုက်လုပ်တာလဲ''

ကျောင်းမှာလည်းကျောင်းမှာမို့လို့ အခုကျတော့လည်း
အိမ်ပြန်တာတောင် လိုက်နှောက်ယှက်နေပြန်ပြီ

ဒီကောင်ဘယ်အချိန်တည်းက နောက်ကနေ
လိုက်နေတာလည်းမသိဘူး

အခုကမျက်ခြေပျက်ဖို့မပြောနဲ့နောက်က
လိုက်လာတာသတိတောင်
မထားမိလိုက်တဲ့အဖြစ်

ဘယ်လိုလုပ်ရင်ကောင်းမလဲ
အိမ်ရောက်ဖို့လည်းသိပ်မလိုတော့ဘူး

ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)Where stories live. Discover now