Part-7

74 9 7
                                    

Zawgyi+Unicode

အလုပ်တွေလုပ်ရင်းစိတ်ရှုပ်လာလို့ မှီခုံကိုနောက်လှည့်ပြီး
မှန်ရဲ့တစ်ဖက်ခြမ်းက အပြင်ရှုခင်းကို
စိတ်ပြေလက်ပျောက် ငေးကြည့်နေတုန်း
အနောက်ကဒေါက်ဖိနပ်သံ မတိုးမကျယ်ကြောင့်
လှည့်ကြည့်မိတော့…

မထင်မှတ်ထားတဲ့သူတစ်ယောက်ကြောင့် အံ့သြသွားတယ်လို့ဆိုရမလား…

နိုင်ငံခြားမှာရှိနေရမယ့် သူကအခုကျနော့်ရှေ့မှာ
ဘွင်းဘွင်းကြီးဆိုတော့…

Yi ''Ya! Lee Seo yeong မင်း ဘယ်အချိန်တုန်းကရောက်လာတာလဲ''

SY ''အခုပဲရောက်လာတာလေ ရောက်ရောက်ချင်း
oppaဆီပဲတန်းလာတာ ဘယ်လိုလဲအံ့သြသွားတယ်မဟုတ်လား''

Yi ''အင်း…မင်းကြိုပြောရင်တော့ ကိုယ်လာကြိုမှာပေါ့
ဒါနဲ့မင်းပြန်လာတာmaရောသိပြီးပြီလား''

SY ''ဟင့်အင်း…မသိသေးဘူး''

Yi ''ဒီကိုပြန်လာတာက အလုပ်ကိစ္စနဲ့ပဲလား"

SY ''ဟုတ်တယ်လေ ဒီမှာပဲအလုပ်လုပ်ရင်းနဲ့ oppaအနားမှာပဲနေတော့မလို့"

ချိတ်တွယ်လာတဲ့လက်တစ်စုံနဲ့ပြောလာတဲ့စကားကြောင့်
ကျနော်စိတ်ထဲတစ်ခုခုကို အလိုမကျသလိုဖြစ်လာလို့
စကားလမ်းကြောင်းလွှဲမိတယ်

Yi "အင်း ဒါနဲ့မင်းmaဆီမရောက်သေးရင်
ကိုယ်လိုက်ပို့ပေးမယ်လေ''

◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊

Chan ''ရောက်ပြီကိုကိုရဲ့ အင်းပါစိတ်ချပါ အွန်း ဒါပဲနော်''

ကားပေါ်ကဆင်းပြီးတာနဲ့ပစ္စည်းတွေချ
နှစ်ယောက်တတွဲနေဖို့tentထိုးပြီးလို့
ရောက်ပြီ ဆိုတဲ့အကြောင်း ကိုကို့ကိုအကြောင်းကြားရတယ်

တောင်တက်ခရီးမို့လို့ကိုကိုက သိပ်သွားစေချင်တာတော့မဟုတ်ဘူး

နှစ်ဝက်စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်နဲ့ကျောင်းက
ဆရာတွေကတောင်တက်ခရီးကိုမဖြစ်မနေ
လိုက်ရမယ်ဆိုလို့သာလိုက်ခဲ့ရတာ

Kaiအတွက်ကတော့ သူ့အစီအစဉ်အကောင်အထည်ဖော်ဖို့
အခွင့်အရေးတွေ့သွားတယ်ပြောရမလားပဲ

ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)Where stories live. Discover now