Part-12

198 3 0
                                        

Zawgyi+Unicode

Kai's pov,

"Ya...Chanyeol ya...yeol တံခါးဖွင့်ပါဦးကွာ..."

ကျနော့်မှာတော့ သူ့ကိုစိတ်ပူလွန်းလို့အပြေးအလွှားရောက်ချလာရတာ
သူကတော့ တံခါးတောင်လာမဖွင့်ဘူး

မဟုတ်မှလွဲ အထဲမှာသူတစ်ခုခုများဖြစ်နေပြီလား...

သူ့ကိုစိတ်ပူရလွန်းလို့ ကျနော့်စိုးရိမ်မှုဒီဂရီတွေလည်း အထွဋ်အထိပ်ကိုရောက်နေပြီ

"Andwel...Yeol ya... jalba!"

တဖက်ကလည်းသူ့ဖုန်းကိုခေါ်ရင်း တဖက်ကလည်း တံခါးကိုအဆက်မပြတ်ထုနေမိတယ်...

အထဲကိုနားစွင့်ကြည့်တော့လည်း လူသံမပြောနဲ့
အပ်ကျသံတောင်မကြားရဘူး...

ကြာလာတော့ ဘေးအခန်းကလူတွေတောင်
ထွက်ကြည့်ကုန်ပြီ...ကျနော်လည်းသူတို့ကို
အားနာမိပေမဲ့မတတ်နိုင်ဘူးဗျာ...

"Yeol...ya ဒုက္ခပါပဲကွာ... မင်းဘာတွေလျှောက်လုပ်နေပြီလဲ..."

ဖုန်းလည်းမကိုင် ခေါ်လည်းပြန်မထူးတဲ့သူ့ကြောင့်
စိတ်မောစွာနဲ့တံခါးရှေ့မှာပဲထိုင်ချလိုက်မိတယ်...

ဟိုလူ... ဒါတွေအကုန်လုံး သူ့ကြောင့်ဖြစ်ရတာတွေချည်းပဲ...

အနေအေးပြီး အချစ်အကြောင်းနားမလည်တဲ့
ကျနော့်သူငယ်ချင်းလေးအပေါ် ဂရုစိုက်ပြီးချစ်တတ်လွန်းလို့ ကျနော့်မှာမနာလိုအားကျဖြစ်ခဲ့ရတာ...

နောက်ပြီး ဒီသတင်းသာ တကယ်ဆိုရင် ရုတ်တရက်ပြောင်းလဲသွား သူ့ကိုကျနော်လည်းနားမလည်နိုင်တော့ဘူး...

သူသာYeolကိုတကယ်ချစ်ခဲ့တယ်ဆိုရင် အနည်းဆုံးအားနာသမှုလေးထားပြီး ရောက်ရာအရပ်ကပြေးလာပြီး ရှင်းပြသင့်တယ်မဟုတ်ဘူးလား...

အခုတော့ဗျာ ဒါကဘာသဘောလဲ?

*-*-*-*-*-*-*-*-*-*-*-*-*-*

...ကျွီ...

ကျယ်လောင်စူးရှတဲ့ ကားဘရိတ်အုပ်သံအဆုံးမှာ

ဒေါသတကြီးနဲ့ပြေးဆင်းလာတာက
မျှော်လင့်စောင့်စားနေရတဲ့သူတစ်ယောက်

#ချလိုက်တဲ့ငါးစာက သေးပေမဲ့ မိလိုက်တော့လည်းအကြီးကြီးပါလား...
ဟက်...ဘယ်ဆိုးလို့လဲ#

ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)Where stories live. Discover now