Zawgyi+Unicode
အကိုကျနော့်ကိုဖွင့်ပြောခဲ့တဲ့ အဲ့ဒီနေ့ကစပြီး
ကျနော်သူ့ကိုရှောင်နေမိတာ
ဘာလိုလိုနဲ့ တစ်ပတ်တောင်ပြည့်တော့မယ်အကို့ကိုမြင်တိုင်းလည်း
ကျနော်မမြင်ချင်ယောင်ဆောင်ပြီး နေခဲ့တယ်
တကယ်တမ်းကျပြန်တော့
ဒီလိုမျိုးနေနေရတာက ကျနော့်အတွက်လည်း
အဆင်မပြေသလို တစ်ဖက်က
အကို့ကိုလည်း အားနာမိပြန်ရောအဲ့ဒီနေ့တည်းက ကျနော့်အဖြေကို
မျှော်လင့်နေတဲ့ အကို့ရဲ့ပုံစံကိုမြင်ပြီး
ကျနော်လေ စိတ်မထိန်းနိုင်ဘဲ
ရင်ထဲရှိသမျှ အကုန်ဖွင့်ချမိတော့မယ်ထင်လို့
မျက်နှာလွှဲပြီး တစ်နေ့ကုန်
မသိချင်ယောင်ဆောင်နေခဲ့တာခပ်တုံးတုံးကောင်လေးတစ်ယောက်မို့
အကို့အချစ်တွေကိုနားမလည်ဘူးလို့
အကိုယူဆမယ်ဆိုရင်တောင်
ကျနော်စိတ်ဆိုးမှာမဟုတ်ဘူးဒီအတိုင်းလေးဘဲမသိချင်ယောင်ဆောင်ပြီး
ရှေ့ဆက်သွားလိုက်ဖို့လည်း မဝံ့ရဲဘူးဆိုတာ
ကျနော်ကိုယ်တိုင်ကလွဲရင်
ဘယ်သူကမှသိနိုင်မယ်လို့မထင်မိဘူးကျနော့်ရင်ထဲကလွန်ဆွဲနေတဲ့
အချစ်စိတ်တွေကို ထိန်းချုပ်နိုင်ဖို့
ဒီတစ်နည်းကလွဲရင်မရှိတော့တာမို့လို့
ကျနော်အကို့ကိုအရမ်းအားနာမိတယ်
ဆိုရင်တောင်ဘာမှမတတ်နိုင်ဘူးလေနေ့တိုင်းကျောင်းရှေ့မှာလာလာစောင့်နေ
တတ်ပြီးတစ်နေကုန် အကြိုအပို့လုပ်ပေးတဲ့
အကိုရဲ့ပုံရိပ်လေး ပျောက်ကွယ်သွားမှာ
ကျတော့လည်းကျနော်မလိုလားပြန်ဘူးနေ့တိုင်းကြားနေရတဲ့အကို့ရဲ့အသံလေးကို
တစ်ရက်ကလေးမှမကြားရရင်လည်း
ကျနော်နေနိုင်မယ်လို့ရော အကိုထင်လို့လားဟင်ချစ်ရသူရယ်လို့မရှိခဲ့ဖူးတဲ့ကျနော့်ဘဝမှာ
ပထမဆုံးချစ်ရသူတစ်ယောက်ဖြစ်တဲ့
အကို့ရဲ့အချစ်တွေကိုလက်ခံလိုက်မယ်
ဆိုရင်တောင် မမှားလောက်ဘူးလို့ကျနော်ထင်တယ်ဘယ်သူတွေဘာပဲပြောပြော
ကျနော့်မှာလည်း
ကိုယ့်စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်တော့
ရှိသေးတယ်မဟုတ်လား
YOU ARE READING
ကျေနပ်ပါတယ် (ကျေနပ်ပါတယ်)
Fanfictionတကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ ချစ်တာမဟုတ်ပါဘူး... ... ... ရရှိခဲ့တဲ့အချိန်တွေက များသည်ဖြစ်စေ နည်းသည်ဖြစ်စေ အခိုက်အတန့်လေးတွေဟာ တစ်ဘဝစာအတွက်မေ့မရနိုင်ခဲ့ရင်... ... ...《crd》 တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ ချစ်တာမဟုတ်ပါဘူး...