"အား..... ရူးတော့မှာပဲ"
အသံနဲနဲ ကျယ်သွားသည်ကြောင့် မျက်လုံးပြူးပြူး စာကြည့်တိုက်မှူးက မျက်မှန်အောက်က လှမ်းကြည့်သဖြင့် အစွမ်းကုန်သွားဖြဲပီး ပြုံးပြလိုက်ရသည်။
ပြီးနောက်သူ့ရှေ့တည့်တည့်မှ နေရာရွှေ့ကာ ချောင်တစ်ခုထဲ သွားထိုင်လိုက်သည်။ တော်ကြာ ပြူးပြလွန်ပြီး မျက်လုံးကြီး လာမှန်မှဖြင့်။
နေရာ ရွှေ့ပြီး သွားပြန်သော်လည်း စာလဲ ကြည့်လို့မရ။ စိတ်တို့က နောက်ကျစွာ ဘာကို စိတ်တိုလို့ စိတ်တိုနေမှန်းလည်း မိမိကိုယ်ကို မသိတော့။
တစ်စုံတစ်ယောက်အား လုပ်သတ်ပစ်ချင်နေတာပဲ သိသည်။တကယ်ပဲ တစ်ခွန်းပဲ ပြောရသေးတယ် အဲ့လို လုပ်စရာလိုလို့လား။ သူ့စိတ်ချည်းပဲ။
အကြီး ဖြစ်ပြီး စိတ်ဆိုးမယ် ဆိုတာပဲ။ သူများ သားသမီးကို စိတ်တိုင်းကျ အသားယူပြီး တောများ သူက စိတ်ဆိုးသွားတယ်တဲ့။
First kissတွေကော second kiss တွေကော အကုန် ယူသွားပြီးမှ မင်းသဘောကျ ဝေးဝေးနေပေးမယ်တဲ့လား။ တော်တော်ဆိုးတဲ့ မိန်းမကြီး။
ဒီမှာတော့ စီနီယာဆိုပြီး နာမည်ဂုဏ်သတင်းနဲ့ တင်လေးစားလိုက်ရတာ အခုများတော့သူက နှာဘူးကြီး သာသာပါပဲ။ ကျောင်းတက်တုန်းကလည်း ကောင်မလေး ဘယ်နှယောက်နဲ့ ဖြစ်ခဲ့လဲမှ မသိတာ။ ရုပ်ကလေးကလည်း သနားကမားလေးဆိုတော့။.. ဟင်း...။ စိတ်တိုလိုက်တာ။
ဒေါ်နှိုင်းသုဝေ ..ရှင်ဟာလေ. ရှင်ဟာလေ..
တွေ့ရတော့လဲ စိတ်တိုရအောင်လုပ်တယ်၊ မတွေ့ရပြန်တော့လဲ ဒီလူမှာ ဒေါသထွက်ရပြန်ကော။
ပြုစားမယ်ဆိုလဲ တော်ရုံပဲ ပြုစားပါတော့
ဒေါ်စုန်းမကြီးရယ်။ရှင်းအဖြစ်ကလေ Snow whiteနိုးထဖို့အတွက် မင်းသားလေးရဲ့ အနမ်းလိုအပ်နေသလို.. လိုအပ်နေမိတာလား။
မဟုတ်ဘူး ..။ ရှင်းအတွက်တော့ ဒေါ်နှိုင်းသုဝေဟာ အဆိပ်ပန်းသီးကျွေးသော စုန်းမကြီးပဲ ဖြစ်မည်။ သူ့အနမ်းတွေကြောင့် ရှင်း မဟုတ်တော့တဲ့ လူတစ်ယောက်လို ခဏခဏ မှင်သက်ပြီး သေရတာလေ။