"ကလေး ကိုယ်ရောက်ပြီ"
"အင်း ဆင်းလာခဲ့မယ် ခဏနော်"
ကိုယ်လုံးပေါ်မှန်ရှေ့ ကပျာကယာသွားပြီး ဆံပင်လေးသပ်လိုက်၊ အဝတ်အစားအဆင်ပြေလားကြည့်လိုက်သည်။
Croptopအဖြူနှင့် ဂျင်းဘောင်းဘီအတိုကို ကြည့်ရင်း ဟိုအဘွားကြီး ဘယ်လိုရှုံ့မဲ့သွားမလဲ မြင်ချင်မိလေသည်။ သူနှင့်စတွဲက အတိုအပြတ်ဝတ်ခွင့်ပိတ်ခံထားရသည်လေ။ ခါးပေါ်ရင်လည်း မကြိုက်။ ပေါင်ပေါ်လည်း သဘောမကျ။ သူ့လောက်ချေးများတာ သူပဲရှိသည်။
ဒီလိုဝတ်ထားတာများမြင်ရင် သူဘာပြောမလဲ ရှင်းသန်ကြားချင်မိ၏။ သူမကို တွေ့ချင်လွန်း၍ စိတ်စောနေသောကြောင့် ဧည့်ခန်းထဲ လူတစ်ယောက်နဲ့ စကားပြောနေပုံပေါ်သော အမေ့ကို လှမ်းအော်ပြောလိုက်သည်။
"အမေ သမီးဒိီနေ့ည နောက်ကျမယ်"
အပေါ်ထပ်ကနေ ကပျာကယာဆင်းလာပြီး ခြံတံခါးဖွင့်လိုက်သည်နှင့် သူမကားအဖြူလေးက ဆီးကြိုနေ၏။ ကားထဲက ဝင်ရန် ပြင်လိုက်တော့ ကားတံခါးကပိတ်ထားပြီး မောင်းသူနေရာကလဲ ဘယ်သူမှမရှိပေ။
"ဟင်"
ကုံးကုံးကွကွနဲ့ ကားထဲ ကြည့်နေချိန် ပေါ်နေသော ဗိုက်ကလေးကို နောက်မှ လှမ်းထိလိုက်သည့် အေးစက်စက်လက်တစ်စုံကြောင့် ရှင်းသန့် ကြက်သီးမွေးညင်းတို့ ထသွားမိလေသည်။
"အမေ့"
လက်နှစ်ဖက်က ကားကို ထောက်လိုက်မိပြီး နောက်မှ လူကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ သို့သော် နှုတ်ခမ်းလေးနှင့် ဆုံတွေ့သွားသည်က ကော်ဖီနံ့လေးစွဲနေသော နှုတ်ခမ်းတစ်စုံ။ ရုတ်တရက် နှုတ်ခမ်းပေါ်ကျရောက်လာသော ခပ်ကြမ်းကြမ်းအနမ်းတွေကြောင့် ရှင်းသန့်မှ အော်ချိန်ပင် မရလိုက်ပေ။
ဖြစ်ပုံက မိမိအိမ်ရှေ့မှာ အနမ်းခံရသော ရှင်းသန့်ပင်။ နမ်းသည့်သူကတော့ ရှင်းသန့်ရဲ့ နှစ်ယောက်မရှိ ချစ်ရသော နှိုင်းသုဝေပင်။
နောက်မှ နှုတ်ခမ်းတစ်စုံကို အနမ်းခြွေနေသော နှိုင်းလက်တို့က ရှင်းသန့်၏ပေါ်နေသော ဗိုက်သားလေးတွင် ရစ်ဝဲနေ၏။
