(၁၉)Both Zawgyi and Unicode

10.8K 739 18
                                    

ပိုင်းလို့စ်ပြည်သူ့ဆေးရုံ

ရှင်းသန့်တစ်ယောက် ဆေးရုံရှေ့တွင် မတ်တပ်ရပ်ပြီး ရင်တဒိန်းဒိန်းခုန်နေမိသည်။ သံရုံးက အမက ဆေးရုံကို အရင်သွားရှာဖို့ ပြောသည်ကြောင့် ရှင်းသန့်ရောက်နေရခြင်းပင်။ ပိုင်းလို့စ်ကို မ်ြို့သေးသေးလေးပဲဆိုပြီး ယုံကြည်ချက်တွေအပြည့်နဲ့ ရောက်လာခဲ့ပေမယ့်လို တကယ်တမ်း ရှာဖို့ကျ ရှင်းသန့် ဘယ်ကနေဘယ်လိုရှာရမှန်း မသိပေ။

တော်သေးသည်က ပိုင်းလို့စ်မြို့လေးတွင် ဆေးရုံတစ်ရုံသာရှိသည်။

"ကျေးဇူးပြုပြီး......"

ယုံကြည်ချက်မရှိသော ခြေလှမ်းတွေက ဆေးရုံဝင်းထဲ ခြေချလိုက်၏။ လမ်းလျှောက်နေကြသည့် ဆေးရုံဝတ်စုံဝတ်ထားသော လူများထဲ ကိုယ်ချစ်ရသူကိုများ တွေ့လေမလားဆိုသော အကြည့်နဲ့ ဝေ့ဝိုက်ကြည့်လိုက်သော်လည်း အရိပ်အယောင်ပင် မတွေ့ပေ။

သစ်ပင်များအုံ့ဆိုင်းနေသော လျှောက်လမ်းတစ်လျှောက်နဲ့ ပန်းခြံကို ဖြတ်လျှောက်လာရင်း ရှင်းသန့်မျက်လုံးတွေကတော့ ရှေ့လမ်းတည့်တည့်တွင် ရှိမနေ။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် အသက်၂၅လောက်အရွယ် မိန်းကလေးများကို တွေ့လျှင် သူများဖြစ်မည်လားဆိုပြီး ရှင်းသန့် လိုက်ကြည့်မိသည်။

နောက်ဆုံး ခြေလှမ်းများက ဧည့်ကြိုကောင်တာဆီ ရောက်မှန်းမသိရောက်သွားခဲ့၏။ တုန်ရီနေသော နှလုံးသားနှင့် ဂနာမငြိမ်မျက်ဝန်းတို့က သိချင်သော မေးခွန်းကို ချက်ချင်းမမေးမိသေး။ မျှော်လင့်ထားသော အဖြေကို မကြားရလျှင် ရှင်းသန့်နှလုံးသားပြိုလဲရပါလိမ့်မည်။

"မစ်စ် ဘာကူညီပေးရလဲ"

သူနာပြုဖြစ်ပုံရသော အမျိုးသမီးတစ်ယောက်က ကောင်တာရှေ့တွင် ကျောက်ရုပ်လိုရပ်နေသော ရှင်းကို ကြည့်ကာ မေးသည်။ အဖြေကို ကြားဖို့ရန် အဆင်သင့်မဖြစ်သေးသော်လည်း မေးကို မေးရမည့်မေးခွန်းမဟုတ်လား။

"လူတစ်ယောက်ရှာချင်လို့ပါ....... "

အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ပြီး

" သို့ ချစ်ရပါသော ကလေး"Where stories live. Discover now