(၁၄) Flashback ends

12.5K 710 55
                                    

တစ်နှစ်ပြည့်ပြီ။

ဒေါ်နှိုင်းသုဝေ.. ရှင် သေတော့ မသေသေးဘူးမလား။

လွန်ခဲ့သော နှစ်က သတင်းစာစက္ကူလေးကို ထုတ်ကြည့်ကာ ဇွန်ရှင်းသန့် မျက်ရည်တို့ကျလာမိပြန်သည်။

ဆွဲဆောင်မှုရှိသော အပြုံးကလေးပြုံးနေသော နှိုင်းသုဝေ။

x ရက်နေ့ xနာရီ အချိန်တွင် ညောင်ဦးမြို့သို့ ဆိုက်ရောက်သော လေယာဉ်နှင့်အတူ ပါလာသည့် အမျိုးသမီး နှိုင်းသုဝေ ပျောက်ဆုံးပါသွားသည်။ လုံခြုံရေးကင်မရာ၏ စစ်ဆေးချက်များအရ xxxx လိုင်စင်အမှတ် ကားအပေါ်သို့ တက်သွားပြီး သတင်းအစအနပင် မရတော့ပါသောကြောင့် ပြန်ပေးဆွဲခံရသည်ဟု ထင်မြင်မိပါသည်။ ပျောက်ဆုံးသူနှင့်အတူ ပါလာသော အမျိုးသမီးနှင့် ဒရိုင်ဘာကို သံသယရှိသူအဖြစ် သတ်မှတ်ထားပါသည်။ သို့ဖြစ်ပါ၍ xxxxကားနံပါတ်နှင့် အောက်ပါ နာမည်ရှိ အမျိုးသားနှင့် အမျိုးသမီးကို တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေးရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။

နှိုင်း၏ မိဘများနှင့် ညောင်ဦးက သူငယ်ချင်းပါ ဒရိုင်ဘာကို လိုက်ရှာခဲ့ပါသော််လည်း ဘာသတင်းမှ မရခဲ့ပေ။ ဒရိုင်ဘာ၏ နာမည်မှာလည်း နာမည်အရင်းမဟုတ်ကာ မှတ်ပုံတင်မှာလည်း အတုဖြစ်နေလေသည်။ ကားကိုလည်း လိုင်စင်နံပါတ်ပြောင်းပစ်လိုက်ပုံရသည်။

နှိုင်းနှင့်အတူ ပါလာသော selza ဆိုသော အမျိုးသမီးအကြောင်းကိုလည်း တူးဖော်လို့မရခဲ့ပေ။

" ခင်ဗျားကြီးက လူဆိုးမကြီး..။ မကောင်းတဲ့ အဖွားကြီး.. ။ လူကို ချစ်အောင်လုပ်ခဲ့ပြီး ထွက်သွားတယ်တဲ့လား။ မကောင်းဘူး.. "

သူ၏ အရင် fbအကောင့်ထဲက ပုံလေးတွေကို ပြန်ကြည့်ရင်း ရှင်းကြိတ်ငိုနေမိသည်။

ပြီးတော့ ရှင်း ဟိုအရင်လက မိုးရေထဲလိုက်ရှာနေ၍ ဆေးရုံတက်လိုက်ရသေးသည်။ နှိုင်း မိဘများနှင့် ဆက်သွယ်ပြီး နှိုင်းအကြောင်းညသတင်းထူးလားလဲ အမြဲမေးနေခဲ့ရသည်။ ဖေဖေနှင့် မေမေလဲ နားလည်ပေးပြီး ရှင်းရဲ့ စိတ်ဒဏ်ရာကို ဝိုင်းကုပေးကြသော်လည်း ထိုလူကိုတော့ မေ့၍မရပေ။

" သို့ ချစ်ရပါသော ကလေး"Where stories live. Discover now