(၁၅)(Both zawgyi and unicode)

11.8K 737 32
                                    

*unicode

မှောင်တယ်....

ဘာမှမရှိပါလားးး.....

ခဲရောင်ပန်းခင်းတွေ....

ခဲရောင်ကမ္ဘာကြီး.......

ကောင်မလေးတစ်ယောက်.....

မိုးတွေရွာနေတယ်....

ကလေး......

"ကလေးး"

"မနှိုင်းသုဝေ... မနှိုင်းသုဝေ"

ဆူညံလိုက်တာ။

မျက်လုံးက ဘာလို့ ဖွင့်မရတာလဲ။ တစ်ကိုယ်လုံးလဲ လှုပ်မရဘူး။

အားယူ၍ မျက်လုံးများကို ဖွင့်လိုက်သည်တွင် မျက်လုံးထဲဝင်ရောက်လာသော ခပ်စူးစူးအလင်းရောင်များကြောင့် ပြန်ပိတ်လိုက်ရပြန်သည်။

ကျွတ်စ် သောက်ချီးတဲ့မှ။

နောက်တစ်ခါဖွင့်လိုက်တော့ ခုနကလောက် မဆိုးရွားတော့။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဝါးနေသော အမြင်အာရုံတို့ ကြည်လင်သွားသည်တွင်

အဖြူရောင် မျက်နှာကြက်။

" မနှိုင်းသုဝေ ဒါ ဘယ်နှစ်ချောင်းလဲ"

လူကို အရူးမှတ်နေလား။ လက်နှစ်ချောင်းထောင်ပြထားပြီးတော့ ဘယ်နှစ်ချောင်းလဲ မေးနေရအောင် ဒီလူက မူကြိုကလေးမဟုတ်ပဲ။

သို့သော် ပြောချင်သည့်စကားများက နှုတ်ဖျားမှ မထွက်။

" နှ....နှ...စ်ချောင်း"

အားး shit ငါလေဖြတ်နေတာလား

တစ်ကိုယ်လုံးလဲ လှုပ်မရဘူး။ လက်ချောင်းလေးတစ်ချေါင်းတောင် လှုပ်မရတာ။

ငါတကယ်ကြီး လေဖြတ်သွားတာလား။

" အခြေအနေ ကောင်းတယ်"

မိမိ မျက်လုံးကို ဖြဲကြည့်လိုက်။ သူ့နားကြပ်နဲ့ ဟိုစမ်းဒီစမ်းလုပ်လိုက်။ လုပ်နေသော ဂျူတီကုတ်နဲ့ ကောင်မလေးက ဘေးက နာ့စ်မကို လှမ်းပြောလိုက်သည်။

နေဦး ငါနားပါလေဖြတ်သွားတာလား။

သူတို့ ဘာစကားတွေ ပြောနေတာလဲ။

" သို့ ချစ်ရပါသော ကလေး"Where stories live. Discover now