(၁၈) Both Zawgyi and Unicode

10K 699 17
                                    

"ပိုင်းလို့စ်"

မနက်မိုးလင်းကတည်းက လေယာဥ်ပေါ်ရောက်တဲ့အထိ ခပ်ရေးရေးအပြုံးစတစ်ခုနှင့်အတူ ရေရွတ်နေသည်က ထိုနာမည်တစ်ခုတည်း။ ကံဆိုးခြင်းတွေ အလုံးအရင်းနဲ့ ဝင်လာပြီးတဲ့နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်မျှင်လေးများ ယှက်သန်းလာလေပြီ။

"ပိုင်းလို့စ်တဲ့လား"

ရုရှားက ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မ်ြို့နယ်များစွာရှိသောနေရာတစ်ခုဖြစ်လေသည်။ ဒါပေမယ့် ပိုင်းလို့စ်မြို့လေးက ပင်လယ်နှင့်ထိစပ်နေသော မြို့ငယ်လေးတစ်ခုသာ ဖြစ်သည့်အတွက် ချစ်ရသူကို ရှာဖို့ရန် ခက်လောက်မည်မဟုတ်ပေ။

တွေ့နိုင်တော့မည်ဆိုသော အတွေးက ရင်ထဲတွင် စိတ်လှုပ်ရှားမှုများစွာ ပေါက်ဖွားသွားစေပြီး နှုတ်ခမ်းပါးထက်တွင် အပြုံးလေးများတွဲခိုသွား၏။

ဒေါ်နှိုင်းသုဝေ တွေ့လို့ကတော့ အတိုးချပြီးအပြစ်ပေးမယ်

တကယ်တမ်း..... နှိုင်းသုဝေဆိုသော အသားယူတတ်သူကြီးနဲ့ တွေ့ဆုံခဲ့သည့်အချိန်ကို ကံတရားရဲ့စီမံရာလို့ပြောရမလား။

မိုးသည်းသော နေ့တစ်နေ့။

ကြွေလွင့်သွားသော ပထမဆုံးအနမ်း။

ပထမဆုံးအနမ်းအကြောင်းတွေးမိတော့ ရှင်းသန့် မျက်နှာလေးရဲတက်မိသွား၏။ ဒေါ်နှိုင်းသုဝေသာ အနားရှိလျှင် အခွင့်ကောင်းယူဦးမည်ကို သတိတရတွေးမိပြန်သေးသည်။ အနမ်းမှစ၍ ဖြစ်တည်လာသော ခံစားချက်သည် ချစ်ခြင်းတရား ရှေ့မှောက်ဝပ်တွားခစားသွားခဲ့လေပြီ။

ညကတည်းက စိတ်လှုပ်ရှားရသည်ကတစ်ကြောင်း၊ သံရုံးကနေ ရှရှားကိုရောက်နေတဲ့ ကျောင်းအမကို ဆက်သွယ်ပြီး ပိုင်းလို့စ်မှာ တည်းဖို့၊ သွားဖို့လာဖို့ကအစ မေးမြန်းစီစဥ်နေခဲ့သည်က တစ်ကြောင်း၊ မြန်မြန်ရောက်ရန်စိတ်စောနေသည်က တစ်ကြောင်းမလို့ မနက်အစောဆုံးလေယာဥ်လက်မှတ်ဖြတ်ခဲ့လေသည်။

ရန်ကုန်ကနေ မော်စကိုလေဆိပ်ကို ၁၉နာရီကျော်ကြာမှာဆိုတော့ ရှင်းသန့်ကောင်းကောင်းတော့ အိပ်၍ရသေးသည်။ အသက် ၁၉နှစ်နဲ့ တစ်ယောက်တည်းပြင်ပခရီးပထမဆုံးထွက်လာခြင်းဖြစ်သဖြင့် အတန်ငယ်စိုးရိမ်စိတ်ဝင်မမိသော်လည်း 'သူမ'ကို တွေးလိုက်သည်နှင့် ကြည်နူးမှုတို့ပေါက်ဖွားလာလေသည်။

" သို့ ချစ်ရပါသော ကလေး"Where stories live. Discover now