(၁၇) Both Zawgyi and Unicode

9.9K 706 17
                                    

မေပယ်ရွက်လေးတွေ........ 🍁🍁🍁

ပြာလဲ့လဲ့မိုးကောင်းကင်မှ နေရောင်ပြောက်လေးများက သစ်ရွက်များကို ဖြတ်၍ ကျိုးးတိုးကြဲတဲ ဖြာကျနေသည်။ လေနတ်သား၏ ကျီစယ်မှုအောက်တွင် မြေပြင်သို့သက်ဆင်း ရရှာသော အပြစ်မဲ့ မေပယ်ရွက်နီနီလေးများကား မြေပြင်တွင် ရဲပလောင်းခတ်နေ၏။

ဆွဲငင်အားကို အန်မတုနိုင်သောကြောင့် တလွင့်လွင့်ကျလာသော မေပယ်ရွက်လေးတစ်ရွက်က နှိုင်းရဲ့ ဖြန့်ထားသောလက်ဝါးပေါ်တွင် မှေးစက်လေ၏။

အ်ို.... ဆန်းကြယ်လိုက်တာ...

မေပယ်တွေမှာ ပုံပြင်ရှိတယ်..... မေပယ်ရွက်ကလေးတွေ မြေမခခင် ဖမ်းနိုင်ရင် အချစ်ဥ်ီးနဲ့ ပြန်ဆုံတတ်သည်တဲ့လေ....

ရယ်စရာမကောင်းဘူးလား။ ဖမ်းစရာမလိုဘဲ ဖြန့်ထားလက်ဝါးပေါ် ဆင်းသက်လာတဲ့ မေပယ်ရွက်လေးက..... အချစ်ဥိီးက ကိုယ့်ဆီလာနေတယ်လို့ ဆိုလိုလေမလား.........

"မေပယ်ရွက်လေးတွေက အချစ်ရဲ့သင်္ကေတတဲ့"

လည်တိုင်ကို ရိုက်ခတ်သွားတဲ့ လေငွေ့လေးနှင့်အတူ ရုတ်တရက်ဆိုသလို နှစ်ယောက်တည်းကြားသည်ဆိုရုံလေးရှိသော အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ လန့်သွားသောကြောင့် တုန်ရီသွားသောလက်မှာ မေပယ်ရွက်ကလေး ပြန်ထွက်သွားမည်စိုး၍ ဆုပ်ထားမိလျက်သား။

စိတ်ထင်၍ပေလား၊ အခုမှ သတိထားမိတာကြောင့်လားမသိ၊ ရိုက်ခတ်နေသော ထွက်လေဝင်လေ အငွေ့အသက်တို့က နှိုင်းလည်တိုင်နား ရစ်ဝဲနေ၏။

" မေပယ်က ကာကွယ်ခြင်းလို့လဲ အဓိပ္ပါယ်ရတယ်"

မရာက ဖြူဖွေးနေသော လက်လေးကို ဆန့်တန်း၍ ကျဆင်းလာသော မေပယ်ရွက်လေးတစ်ရွက်ကို ဖမ်းလိုက်သည်။ သို့သော်လက်ထဲရောက်ခါနီးမှ လေအဝှေ့ကြောင့် မြေခသွားလေသည်။ မရာရဲ့မျက်နှာလေးတွင် ပဟေဌိဆန်သောအပြုံးတစ်ခုဖြစ်ထွန်းသွား၏။

"နှိုင်းသိလား....... မေပယ်ရွက်လေးကို ဖမ်းနိုင်ရင် လျှောက်လှမ်းလာတဲ့သူနဲ့ ချစ်ကျွမ်းဝင်မိလိမ့်မယ်တဲ့"

နှိုင်းတွေးမိလိုက်တာတော့..... မေပယ်ပုံပြင်တွေက သိပ်များတာပဲ။

" သို့ ချစ်ရပါသော ကလေး"Where stories live. Discover now