ဘယ်သူထင်မလဲ။
ထိုစွာတေးလန်မလေးက မိမိအား ပြန်နမ်းလိမ့်မည်ဟု။
အောက်နှုတ်ခမ်းလေးကို တစ်လှည့် ၊ အပေါ်နှုတ်ခမ်းလေးကို တစ်လှည့် ခပ်ကြာကြာ စုပ်ယူ နမ်းလိုက်ပြီး ခပ်ဖွဖွလေးကိုက်လိုက်သောကြောင့် သူမ ခပ်တိုးတိုးလေး အသံထွကိလာ၏။
"အ"
ဒီထက်ပိုပြီး ကြာကြာ နမ်းမိလျှင် ကိုယ့်အကြောင်း ကိုယ် သိသဖြင့် မလွှတ်ချင်ပါပဲနှင့် ထိုနှုတ်ခမ်းလေး အား အလွှတ်ပေးလိုက်ရသည်။
"ဘယ်လိုလဲ ကိုယ်က best kisser မလား"
နားကို မထိတထိ နှုတ်ခမ်းနှင့် ပွတ်ဆွဲသွားပြီး ခပ်နွေးနွေး လာထိသည့် အထိအတွေ့တို့ကြောင့် ရင်ခုန် လာရသည့်အပြင် ရှက်စိတ်တို့ကလည်း တဖွားဖွား။
ဘယ်နှယ့်ကြောင့် ဤလူစိမ်းအား အနမ်းတွေချည်း ပေးမိနေသနည်း။ စစချင်းတွေ့တော့လဲ အနမ်းနှင့်။ ဒုတိယ အကြိမ်တွေ့လည်း အနမ်းနှင့်။ ထူးခြားသည်က မိမိဘက်က လိုလိုလားလား ပြန်နမ်းခဲ့မိသော အနမ်း။
ဒုက္ခပဲ။ ရှက်လိုက်တာ ရှက်လိုက်တာ ဆိုတာ၊ ကုလားအုတ်တွေလို သဲထဲ ခေါင်းမြုပ်ပြီးသာ နေချင်တော့တယ်။
ကိုယ့်မျက်နှာကလဲ ရဲတွက်နေလောက်သည်မှာ ဘယ်ဗေဒင်မှ မေးစရာမလို။
"ကလေးမ... ဘာလဲ ကိုယ့် အနမ်းမှာ နစ်မြောပြီး စကားတောင်မပြောနိုင်တော့တာလား"
ရှက်စိတ်ကြောင့် မျက်နှာချင်း မဆိုင်ရဲတော့ပဲ၊ ထို နှိုင်းသုဝေဆိုသည့် အမျိုးသမီး ရင်ခွင်ကြီးအား တွန်းခဲ့ပြီး ထွက်ပြေးလာလိုက်သည်။
"တတိယအကြိမ် မတွေ့ပါရစေနဲ့ "
ရှင်း ဆုတောင်းပြည့်မည် မထင်ပါ။
"ကလေး.. ဇွန်ရှင်းသန့် ဟုတ်လား.. ကျောင်းကို လာတွေ့မယ်နော်"