" ကိုယ်တို့တွဲကြရအောင် ရိပေါ် "
အတည်ပေါက်ကြီးဖြင့် ရုတ်တရက် ဗြုန်းစားကြီး ဖွင့်ပြောလာတဲ့
ကျန့်ကော စကားကြောင့် ကျွန်တော် အကြီးအကျယ်ကို ကြောင်အ
သွားမိသည် ။" ကျန့်ကောကတော့ဗျာ နောက်ပြီ "
ရယ်သံစွပ်တဲ့ စကားကို ဆိုမိသော ကျွန်တော့်အား ခပ်တည်တည်
မျက်နှာထားနဲ့ မျက်တောင်မခတ်တမ်းစိုက်ကြည့်လာသော ကျန့်ကော ။" ကိုယ်အတည်ပြောနေတာ ရိပေါ် ... ကိုယ်မင်းကိုချစ်တယ် "
အမြဲတစ္ဆေ ဟာသတွေပြောတတ်သည့် ကျန့်ကောဆီမှ အမှန်တကယ်
ကို မျက်နှာတည်တည်ဖြင့် အတည်ပြောနေသော စကားတို့ကြောင့်
ဖြောင့်တန်းနေသော မျက်ခုံးတစ်စုံမှာ အပေါ်သို့အနည်းငယ် တွန့်ကျိုး
တက်သွားခဲ့ ။" စိတ်မကစားချင်စမ်းပါနဲ့ ကျန့်ကော . . မေ့နေပြီလား ကျွန်တော်က
ကျန့်ကော ညီမရဲ့ချစ်သူဆိုတာ "" ကိုယ်သိတယ် . . ဒါပေမယ့် . . ကိုယ့်ညီမရဲ့ချစ်သူ ဖြစ်တိုင်း
ကိုယ်က ချစ်ခွင့်မရှိဘူးဆိုတာတော့ . . သိပ်မတရားရာကျမနေဘူး
လား ! "" မရူးချင်စမ်းပါနဲ့ ကျန့်ကောရာ . . ကျန့်ကောရဲ့ ညီမကလွဲပြီး တခြား
ဘယ်သူ့ကိုမှ ကျွန်တော် မချစ်နိုင်ဘူး ဒါကြောင့် အခုလိုမျိုး ကျွန်တော့်
အနောက်ကို အတင်းလိုက်ကပ်နေတဲ့ မိုက်ရူးရဲဆန်တဲ့ အလုပ်တွေကို
ရပ်တန်းက ရပ်လိုက်ပြီး ကျောင်းစာကိုသာ တည့်မတ်မတ်အာရုံစိုက်
လိုက်ပါ ကျန့်ကော "" ကောင်းပြီ . . ဒါဆို ကိုယ် မင်းအနောက်ကို အခုလိုမျိုးဆက်မလိုက်
စေချင်ဘူးဆိုရင် မင်းဘက်က ကိုယ့်ကိုနောက်ဆုံး အခွင်အရေး တစ်ခု
တော့ ပြန်ပေးရမယ် "