Cʜᴀᴘᴛᴇʀ《29》

303 25 3
                                    

အချိန်သည်ကား မနက်၆နာရီဖြစ်သည် ။

ရှောင်းကျန့်သည် သူ့ကုတင်ဘေးတွင် ခေါင်းလေးမှောက်ကာအိပ်ပျော်နေသော ရိပေါ်ရဲ့ကိုယ်ပေါ်သို့ စောင်ပါးလေးတစ်ထည်ကို လွှားခြုံပေးလိုက်သည် ။

စောစောစီးစီး သူ့အခန်းထဲရောက်လာခဲ့သော သူနာပြုဆရာမမှာ ဆေးသွင်းလို့ပြီးပြီမို့ သူ့လက်ထက်က ထိုးစိုက်ထားသောအပ်လေးကို ဆွဲနုတ်ပြီး ဝါဂွမ်းလေးနဲ့ ဆေးတိတ်လေးကို ပြန်ကပ်ပေးသွားသည် ။

အခန်းထဲက သူနာပြုဆရာမပြန်ထွက်သွားတာနဲ့ ရှောင်းကျန့်က မျက်နှာချင်းဆိုင်က အခန်းပြတင်းပေါက်လေးကို တွေတွေလေး ငေးကြည့်မိသည် ။

ညကဖြစ်ပျက်ခဲ့သော အကြောင်းအရာတွေအားလုံးတို့ကို သူအကုန်မှတ်မိသည် ။

ညက အသိစိတ်လွတ်နေတဲ့သူ့ကို ရိပေါ်က ရင်ခွင်ထဲထည့်ပြီး တစ်ညလုံးထွေးဖက်ထားပေးခဲ့သည် ။

မနက်ဝေလီဝေလင်းအချိန်ရောက်မှ လူနာကုတင်ထက် လူနှစ်ယောက် မအိပ်ရဘူးဆိုသော သူနာပြုဆရာမရဲ့သတိပေးချက်ကို ပြန်သတိထားမိပုံရသည် ။

ကုတင်ပေါ်က တိတ်တိတ်လေးဆင်းပြီး ဘေးခုံတန်းလျားလေးမှာ ပြန်ထိုင်ပြီးမှောက်အိပ်သွားခဲ့လေသည် ။

မေ့ပျောက်နေတဲ့အတိတ်တွေကို တစ်စုတစ်စည်းထဲ ပြန်ရလိုက်ရလို့ နာကျင်နေသော ရင်တစ်ဖိုကိုလက်ဖြင့်ဖိရင်း ရှောင်းကျန့်မျက်ရည်ကျမိသည် ။

မျက်ရည်တွေပြည့်လျှံနေသောမျက်ဝန်းတွေနဲ့ ရှောင်းကျန့် သူ့ကုတင်ဘေးတွင် အိပ်ပျော်နေသော ရိပေါ်ကိုပြန်ငုံ့ကြည့်လိုက်သည် ။

ရိပေါ် နဖူးပြင်ထက်က ချုပ်ထားရတဲ့ဒဏ်ရာလေးကိုလက်ချောင်းလေးတွေနဲ့ဖွဖွလေးထိတွေ့ရင်း အတွေးတွေ များစွာလွင့်နေခဲ့သည် ။

သူ့ကြောင့် .. သူ့ကြောင့်သာမဟုတ်ခဲ့ရင် ။

သူ့ရဲ့အဖေနဲ့အမေ သေရမှာမဟုတ်ဘူး ။

သူသာ ပျော်ပွဲစားထွက်ဖို့ မတောင်းဆိုခဲ့ရင် ။

သူသာ ဂျီမကျခဲ့ရင် ။

|| 100 DAYS BOYFRIEND || حيث تعيش القصص. اكتشف الآن