💗12💗

12.8K 1K 26
                                    

******Zawgyi*****

သက်တန့်တစ်ယောက်
ဟန်ချက်ညီညီစည်းချက်မှန်မှန်လည်ပါတ်နေပါသောကမ္ဘာကြီးရုတ်တရတ်ပင်ရပ်တန့်သွားသလိုမိမိနှလုံးခုန်သံရပ်ကာ အသက်ရှုရန်မေ့လျော့သွားသလိုခံစားရသည်။ဒါမှမဟုတ် ကျွန်တော်အိမ်မက်ကမ္ဘာထဲကိုများ အလည်ရောက်နေခဲ့သလား။ဤကဲ့သို့သော ရုတ်တရတ်ဆန်လွန်းလှပါသော အခြေနေတစ်ရပ်မှာ ကျွန်တော်လေ ကျွန်တော့်ကို ငေးကြည့်နေတဲ့အကို့ကို ဘာမှပြန်မပြောနိုင် ပဲ
ကြောင်ပြီးဆွံ့အ လို့သာ နေမိသည်။မယုံနိုင်ခြင်းထက် မယုံနိုင်ဝံ့တာ။

အကိုက

"ညီ စိတ်ဆိုးသွားတာလား၊အရမ်းအံသြသွားသလားညီ
ယောက်ျားလေးတစ်ယောက် ဖြစ်တဲ့ညီ့ကို ယောက်ျား
လေးပဲဖြစ်တဲ့ ကိုက ချစ်မိသွားလို့ နောက်ပြီး အရမ်းချစ်နေခဲ့မိပြီဆိုမှတော့ ချစ်ရခြင်းတွေကို ဖွင့်ဟဝန်ခံချင်မိလို့ ကိုယ်အမှန်တိုင်းဝန်ခံတာပါ "ဆိုကာ မဲ့မဲ့လေးနဲ့ကြိုးစားပြုံးရှာသည်။ပြီးးးး

"ညီအံသြသွားမှာ ကိုယ်သိတယ်၊ယုံကြည်နိုင်ဖို့ခက်ခဲပြီး လက်ခံနိုင်မှာမဟုတ်တာလည်းကိုယ်သိတယ်၊ကိုယ်လည်း ကို့ကိုကိုယ် အစက မယုံကြည်နိုင်ခဲ့ဘူး၊လက်ခံနိုင်စရာမရှိအောင် ပထမဆုံးသော တွေ့ဆုံခြင်းမှာပဲ
ကိုယ်ကျရှုံးသွားခဲ့တဲ့သူ၊ပထမဆုံးရင်ခုန်မိတဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့တာကို နောက် ရင်ခုန်ခြင်းရဲ့နောက်မှာ အချစ်တွေကကပ်ငြိပါလာတော့ အချိန်တိုအတွင်း မှာပဲကိုယ်သိလာ
တယ် ကိုယ် ညီ့ကို နှလုံးသားတစ်ခုလုံးပုံပေးချစ်မိသွားခဲ့ပြီဆိုတာကို"

"............."

"ညီကတော့ ဒါကိုလက်ခံနိုင်မယ်မထင်ဘူး ကိုယ်
သိပါတယ် ဒါမဖြစ်သင့်မှန်း မဖြစ်နိုင်မှန်း
ဒါပေမဲ့ ကိုယ်လည်းဘာမှမတတ်နိုင်ဘူးညီ ။ညီ့ကိုချစ်မိနေတဲ့ အတွက်၊ ဒုတိယကြိမ်မြောက်တွေ့ဆုံခြင်းမှာပဲ ကိုယ်ခုလိုဖွင့်ပြောမိလိုက်လို့
ညီ့ အတွက်စိတ်နှောက်ယှက်ဖြစ်သွားရင် ကိုယ်
တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်ဆိုးသွားလားမမေးချင်တော့ပါဘူး တစ်ခုပဲ ညီ
ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ့်ကိုတော့မမုန်းလိုက်ပါနဲ့၊ စစ်မှန်တဲ့ကိုယ့်အချစ်တွေကိုတော့ အထင်သေးမရွံရှာလိုက်ပါနဲ့ညီရယ်.."
ခေါင်းငုံ့ တိုးလျိုးသွားတဲ့စကားရဲ့အဆုံးသတ်မှာ
သူမေးဖြစ်ခဲ့သည်က

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Where stories live. Discover now