💗36💗

9K 563 22
                                    

********Zawgyi********

Sunday
6:00Am

"ဒေါက်.....ဒေါက်...ဒေါက်"

အပြင်ကတံခါးခေါက်သံကြောင့် ရောင်စဉ် နိုးလာခဲ့သည်။သူ့ရင်ခွင်ထဲကကောင်လေးကတော့ အိပ်ပျော်နေဆဲဖြစ်သည်။
ရောင်စဉ်လမ်းမှာ ရောက်ရင်အတိုးချကာ ချစ်ပစ်မည်ဟု အားခဲထားခဲ့သမျှ ညီ့မေမေနဲ့ အဖွား စကားများကြောင့် နှစ်ယောက်သား အတွေးများသာပွါးရကာ စကားတောင်အများကြီးမပြောဖြစ်ခဲ့ကြ။နှစ်ယောက်အတူ အိပ်ယာအစောဝင်ဖြစ်ခဲ့ပြီး အတော်နဲ့ အိပ်မပျော်နိုင် ဖြစ်ခဲ့ကြသည်။

"သားတို့ရေ .....ထတော့လေ ရေမိုးချိုးပြီး အောက်ဆင်းခဲ့ကြမြန်မြန် လုပ်ခဲ့ကြနော် ။ဘယ့်နှယ် ဒီအချိန်ထိ အိပ်ကြရတယ်လို့ နောက်ကျတော့မှာပဲ မြန်မြန် ဆင်းခဲ့ကြနော် ခနနေ သွားကြရတော့မှာကို ခက်ပါတယ်နော် ဒီကလေးတွေနဲ့တော့......"

{တကယ်က ဒီအဖွားကြီးက ခက်နေတာပါ.....ကိုယ့်အတွေး.}

သက်တန့်
အပြင်က မေငြိမ်း အသံကြောင့်နိုးလာပြီး.....

"ဟုတ် ...ဟုတ် မေငြိမ်း"

"ညီ ....ဘယ်သွားကြမှာမို့လဲ"

"အွင်....ညီလည်း မသိဘူး
မေမေ မနေ့ကပြောတဲ့Surpriseဖြစ်မယ်"အိပ်မှုန်စုတ်ဖွားပုံစံလေးဖြင့် ရင်ခွင်ထဲကနေ မော့ကြည့်​ဖြေလာသော ညီ့ပါးလေးထဲ သူ့နှာခေါင်းလေး နစ်ဝင်နေသည်အထိ ဖိကပ်ထားလိုက်ရင်းမွှေးကြူမိသည်။ညီ့ပါးအိအိလေးက မွှေးပျံ့သော်လည်း
သူ့ရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်ကြောင့်.....
စိတ်ထဲတစ်မျိုး ဖြစ်မိကာ လေးလံနေမိသည်။

"ဟုတ်ပြီ ..!ကဲ ....ထကြရအောင် တော်ကြာ ကြာနေရင်
ညီ့မေငြိမ်းက ဆူနေအုန်းမယ်"

"ကိုကလည်း နောက်ဆို ကို့ မေငြိမ်းလည်းဖြစ်လာမှာ မဟုတ်ဘူးလား "

"မျက်နှာကြီးကလည်း ပြုံးပါအုန်းကိုရဲ့
ညီကလေ မနက်ခင်းတိုင်းကို ကို့ အပြုံးလေးနဲ့အတူ နိုးထချင်တာ"သက်တန့် ....ကို့မျက်နှာ မကြည်လင်တာကို သူသိပါသည်။ ထို့ကြောင့် သူ... ကို့ကို ချော့ကာချွဲနေမိခြင်းပါ။

"ညီနော် ......ကို့ကို အသည်းယားအောင် လာချွဲနေရင်
ကို ပေးမထ ဘဲနေမိတော့မှာနော်"

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Where stories live. Discover now