💗Extra_2💗

9.2K 503 15
                                    

****** Zawgyi*******

စည်သူ
မြင်နေရတဲ့မြင်ကွင်းက သူ့ရင်ကို တူနှင့်ထုခွဲလိုက်သကဲ့သို့ နာကျင်ရပါသည်။သူ့ရဲ့ အချစ်ရဆုံး သူငယ်ချင်းနှစ်ယောက်မှာ သွေးအိုင်ထဲ မြင်၍ ပင်မကောင်း။သူနဲ့အကိုလေး သက်တန့်နဲ့ပျို့ကို ကားထဲမှ ဆွဲထုတ်ပြီးသည့်တိုင် သက်တန့်ကို ဖက်တွယ်ထားသော ပျို့လက်များမှာ တော်တော်နှင့်ပင် ဆွဲခွာမရခဲ့ပါ။ရောင်စဥ့်မှာ သက်တန့်ကို ပွေဖက်ရင်း အရူးမီးဝိုင်းဖြစ်နေသလို
ဦးအောင်ညီညီမှာလည်း သမီးဖြစ်သူရဲ့ အသက်မဲ့ခန္ဒာကို ပွေ့ဖက်ရင်း ယူကျုံးမရခြင်းများစွာဖြင့် အော်ဟစ်ငိုကြွေးနေမိသည်။

နောက်ဆုံးထိ သက်တန့်ကို ကာကွယ်ရင်း အသက်စွန့်ချစ်ခဲ့သည့် သမီးရဲ့ ရူးမိုက်မှုကို သူအပစ်မတင်ရက်ပါ။ဘာလို့များ ဒီလိုရွေးချယ်မှုမျိုး လုပ်ခဲ့ရတာလဲ ဟုသာ တဖွဖွ ရေရွတ်နေမိသည်။

အရေးပေါ် Operationခန်းရှေ့ ရောင်စဥ့်မှာ ခေါက်တုန့်ခေါက်ပြန် အရူးဖြစ်နေသလို သူ့မာမီနဲ့ဒယ်ဒီမှာလည်း ဘုရားစာများသာ တစ်ဖွဖွရွတ်ရင်း တုန်လှုပ်ပူပန်နေကြသည်။ထိုစဉ် ခွဲခန်း တံခါးပွင့်လာပြီး တာဝန်ကျဆရာဝန်၏

"လူနာက စိုးရိမ်စရာမရှိတော့ပါဘူး သိပ်ပြီး ကြီးကြီးမားမား ထိခိုက်သွားတာမျိုးမရှိပါဘူး အရမ်းကံကောင်းပါတယ်....လူနာ စိတ်ချရပါပြီ"ဆရာဝန်ရဲ့ စကားအဆုံး ရောင်စဉ်တင်းထားသမျှ စိတ်များ အခုမှ ပြေလျော့သွားသလို လူလည်း ခွေယိုင်လဲကျသွားသည်။ညီသာ တစ်ခုခု ဖြစ်ခဲ့ရင် သူလည်း တကယ်အသက်ဆက်ရှင်နိုင်မည်မဟုတ်။

ထိုကိစ္စရပ်များကို ဖန်တီးခဲ့သလို နောက်ဆုံး ညီ့ကို ကာကွယ်ပေးခဲ့သော လရောင်ပျိုကို သူမုန်းတီးရင်းကပင် ကျေးဇူးတင်မိရသည်။ညီ ထိခိုက်မှုမကြီးမားခဲ့တာ လရောင်ပျို ရဲ့ကာကွယ်ပေးသွားမှုတွေကြောင့်ပင်ဆိုသည်က အမှန်တရားတစ်ခု။

နောက်တစ်ရက်မှာတော့ ကျောက်ပန်းတောင်းနှင့်ညောင်ဦးမှ ပျို့မာမီနဲ့ သက်တန့်မိဘတွေ၊မေငြိမ်းတို့ပါရောက်လာကြပြီး
သူတို့လည်း ယခုလိုဖြစ်ပျက်ခဲ့မှုအပေါ် မယုံနိုင်အံသြထိတ်လန့်နေကြသည်။ပျို့မာမီမှာ သမီးဖြစ်သူ၏ ရုပ်အလောင်းအားပွေ့ဖက်ရင်း သတိလစ်သွား၍ ဆေးရုံတင်ထားရသည်။သက်တန့်သတိရလာသည်နှင့် သူ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်လျှက် အိမ်မောကျနေသော ကို့လက်နွေးနွေးလေးကို ပြန်လည်ဆုပ်ကိုင်ရင်း မျက်ရည်ကျမိသည်။သူလှုပ်ရှားလိုက်၍ ထင်.......

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Onde histórias criam vida. Descubra agora