💗1&2💗

63K 2K 45
                                    

**************ZawGyi Code************

ဦးသန့်တည်ကြည် မိမိတို့ တိုက်အိမ်လေးရဲ့ဘေးဝရံတာမှာ ခုံလေးတစ်လုံးချ စာထိုင်ဖတ်နေစဉ်  သူ့အား တကြော်ကြော်အော်ခေါ်လာသော သားသူငယ်ချင်းစည်သူ့အသံကြားလိုက်ရသည်။သူ ထမည်အလုပ်မှာပင် ထပ်၍ကြားလိုက်ရသည်က

"လေးလေးးသန့်"

"ဗျိုးးးးလေးလေးသန့်"

"ဝေ"

"ဘယ်သူတုန်းဝေ့ လာလေအိမ်ထဲဝင်ခဲ့ကွ"

"ဟုတ် ကျွန်တော်ပါလေးလေးးးသန့်"

"ဪ....အေးးစည်သူပါလားကွ
ဪ...ဧည့်သည်လည်းပါလာတာကိုး
လာကြလာကြ လာထိုင်လေကွာ"

"ဟုတ် လေးသန့်"

"ဒါနဲ့ မင်းဘယ်တုန်းကပြန်ရောက်တာတုန်း
စည်သူ
မင်းမလည်း မြို့ကြီးအနေကြာလာလို့ထင်ပါ့
မြို့ကြီးသားလုံးလုံးကို ဖြစ်နေပါရော့လားကွာဟေ"

"ဟီးးဟုတ်ရပါဘူး
လေးလေးသန့်ရာ
ဒီမှာလေ ဒါကျွန်တော်အလုပ်လုပ်နေတဲ့မြို့က
သူဌေးသားလေ နာမည်က ရောင်စဉ်လင်းတဲ့
အစ်ကိုလေးကျောင်းပိတ်တာနဲ့ကျွန်တော်ရွာပြန်တာနဲ့ ကြုံတုန်းရွာကိုလိုက်လည်ပြီးလေ့လာဖို့ လိုက်လာတာတဲ့လေးလေးရ"

"ဟေဟုတ်လားကောင်းသပါ့
ငါ့တူက နာမည်နဲ့လူနဲ့လိုက်သဟေ
နာမည်ကလည်း ရောင်စဉ်လင်း
လူကလည်း အရှိန်အဝါတစ်ခုခုက ဖြာထွက်နေသလိုပဲ ချောတာခန့်တာထက်ကိုတမူထူးခြားနေသလိုပဲကွ ကောင်းလိုက်တဲ့ဥပဓိရုပ်ကွာ"

"ဟုတ် ကျေးဇူးတင်ပါတယ်လေးလေး"
လေးသန့်ဆီမှ ချီးကျူးစကားကို
ခေါင်းလေးငြိမ့်အပြုံးလေးနဲ့ပြောလိုက်သောအစ်ကိုလေးကိုကြည့်ပြီး စည်သူတွေးမိသည်။

ဟုတ်သည် လေးလေးသန့်ပြောတာအပိုမဟုတ်
အစ်ကိုလေးက ခုခေတ်တခြားလူငယ်မြို့ကြီးသားလေးတွေလိုဖြူဖပ်ဖြူရော် ပျော့တိပျော့ဖတ်ချောတာမျိုးမဟုတ် အသားကဖြူသလောက်လူကလဲ ခန့်သည်၊ ချောသည်ထက်ပိုသည်။အရပ်က6'ပေ အရပ်နဲ့အညီခန္ဒာကိုယ်က တောင့်သည်ဖြောင့်သည်။မွေးကတည်းကရွှေဇွန်းကိုက်မွေးလာတာမှန်းသိသာလောက်အောင် ခြေဖဝါးလက်ဖဝါးလေးတွေဆို ကိုင်မကြည့်ဖူးပေမဲ့နူးညံ့နေမှာသိသာသည်။စည်သူဆိုစတွေ့ခါစကဖြင့်ယောက်ျားချင်းတောင်ငေးကြည့်နေမိခဲ့တာပဲလေ။

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Donde viven las historias. Descúbrelo ahora