💗38💗

7.9K 531 11
                                    

******Zawgyi******

သက်တန့်နဲ့ရောင်စဉ်
ဒီတစ်ရက်ကလေးအတွင်းဖြစ်ပျက်သွားသောအဖြစ်ပျက်များကအံသြ၍ မယုံနိုင်စရာကောင်းလွန်းသည်။မမျှော်လင့်ထားသော အဖြစ်ပျက်များဖြစ်ခဲ့ပြီးသူတို့အချစ်ရေးကိုစောစီးစွာ အသိပေးခဲ့ရပြီး၊ခွင့်ပြုချက်လည်း ရခဲ့ပေပြီ။လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပေမဲ့ သူတို့ကျိန်းသေရင်ဆိုင်ရမည့်အခက်ခဲတစ်ခုကိုတော့အတူကျော်ဖြတ်နိုင်ခဲ့ပါလေပြီ။

ဒေါ်ငြိမ်းချမ်းသူ(အဖွား)
ဘုရားဝတ်ပြုပြီး၍ ရှေ့ဝရံတာဘက်ထွက်ကာ လမ်းလျှောက် ပုတီးစိပ်နေသည်။ထိုစဉ်
သီးသန့်ထုတ်ထားသော မြောက်ဘက်ဝရံတာရှိ
လက်ရန်းလေးပေါ်မှာ ရှင်းသန့်ချောမောကာလိုက်ဖက်တင့်တယ်စွာ ကြည့်ကောင်းလှသော
ကောင်လေးနှစ်ယောက်ကိုတွေ့တော့မျက်နှာလွှဲကာ ပြုံးမိသည်။

သူတို့လေးတွေကတော့
တစ်ယောက်ရင်ခွင်ထဲ
တစ်ယောက်မှီကာ ထိုင်နေပြီး တိမ်ကင်း
စင်၍ ဝိုင်းစက်ကာ ထွန်းလင်းတောက်ပနေသော လမင်းကြီးရဲ့ အလင်းရောင်ဝါနဲ့အပြိုင်၊အေးမြကာ တိုးတိတ်ညင်သာစွာ တိုက်ခတ်လျက်ရှိသော လေညှင်းလေးများနဲ့အတူ ပနံသင့်လှသော ထိုကောင်လေးနှစ်ယောက်ရဲ့ ပုံရိပ်မှာ ညရဲ့အလှကို ပို၍ အေးမြစေကာ လှပမှုတွေလွှမ်းခြုံစေသလို။

ရောင်စဉ်
ရင်ခွင်ထဲမှာ စိတ်အေးချမ်းသာစွာ ရှိနေသော ညီ့ကိုငုံ့ကြည့်ပြီး သူ့မှာတော့ အပြည့်ဝမပျော်ရဲ မပျော်နိုင်ပါ။ရင်ခွင်ထဲက ညီ့ပါးအိအိလေးတွေထဲ နှာခေါင်းလေးကို နှစ်မြုပ်ထားကာ မွှေးကြူနေမိပြီး အကယ်၍ မာမီ့ကို လေးကောင်းနဲ့ မေငြိမ်းက ခွင့်မလွှတ်နိုင်ခဲ့ပါက သူရင်မောမိရပြန်ပါသည်။

"ကို.....ဒီမှာကြည့် ခနဖယ်အုန်း
ကို.......ဘာဖြစ်နေတာလဲ"

"ဟင်......ဘာဖြစ်လို့လဲ"

"ကို့ ကြည့်ရတာ တစ်မျိုးပဲ ညနေကတောင် ပျော်နေတာကို ခုကြ စိတ်ရှုပ်စရာတစ်ခုခု ရှိနေသလို ဘာဖြစ်လို့လဲဟင် ညီ့ကိုပြောပြလေ"

"အာ....မရှိပါဘူး ညီရာ မနက်ဖြန်ရွာပြန်ကြမှာမလား
အိပ်ကြမယ်လေ လာ"

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Kde žijí příběhy. Začni objevovat