💗Extra_1💗

9.2K 511 11
                                    

*******Zawgyi*******

ကိုယ်တခုလောက်ပြောချင်ပါတယ်။ကိုယ် ဒီFICလေးကို အစဆုံးပြန်ဖတ်မိတော့ လိုအပ်ချက်တွေ အားနည်းချက်တွေရှိနေတဲ့တွက် Readersလေးတွေကို တကယ်အားနာပါတယ်။နောက် ကိုယ်သက်တန့်နဲ့ ရောင်စဥ့်ကို ချစ်သလို လူပျိုကြီး လေးကောင်း(ကောင်းကင်ရောင်)ကိုလဲချစ်မိတယ်။ဒါကြောင့် လေးဆယ်ကျော်အချစ်ကိုပုံဖော်ဖို့ Extraရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ဒါကြောင့် Readersလေးတွေက ကိုကောင်းနဲ့ အောင့် အချစ်ကိုလည်းဖတ်ရှုပေးကြပါအုန်းနော်♥️♥️♥️

<<<<<<>>>>>

ဒုတိယနှစ်ဝက်ပြန်တက်ဖို့ရန် ကျောင်းတော်ကြီးမှာ သက်တန့်နဲ့ လရောင်ပျိုတို့ အတူပြန်ဆုံကြရပါသည်။
ဒါကြောင့်လည်း ယခင်ကငယ်သံယောဇဉ်အား ထောက်၍ သက်တန့် ပျို့အား အခေါ်ပြောမပျက်ခဲ့ပါ။တစ်နေ့......

"သက်တန့်!
ငါနဲ့ မြို့သစ်ဘက်ခနလိုက်ခဲ့ပေးပါလား"သက်တန့် အတန်းပြီး၍ စာအုပ်များသိမ်းနေစဉ် လရောင်ပျို လာခေါ်နေခြင်းပါ။ဒီနေ့ အိမ်မှာ လေးကောင်းနဲ့ ပျို့ဖေဖေ ကျောက်ပန်းတောင်းမှ အလုပ်ကိစ္စနဲ့ ရောက်မည်ဖြစ်၍ သက်တန့် အိမ်ကိုသာ တန်းပြန်လိုသည်။သို့သော်လည်း....

"ကိစ္စရှိလို့လား ပျို......
ငါက ဒီနေ့ လေးကောင်းနဲ့ လေးအောင်လာမှာမို့
စောစောပြန်မလားလို့"

"ဒယ်ဒီရော ပါတာလား...."

"အင်းလေ....နင်မသိဘူးလား"

"မသိဘူး.....သိလည်းမသိချင်ဘူး"

"ဘာလို့လဲ?"သက်တန့်အံသြစွာမေးမိသည်။သမီးလုပ်သူက အဖေဖြစ်သူလာမှာကို မသိဘဲ၊အရေးမထားပါဘဲ သူကသာ။

"အဲဒါတွေ ထားလိုက်စမ်းပါဟာ.....
နင်သာ ငါနဲ့လိုက်ခဲ့ပေး
လိုက်မယ်မလား နင်မလိုက်ရင် ငါကလပ်သွားပြီးပဲ
အမူးသောက်တော့မယ်"

"အေးပါဟာ....ငါလိုက်ခဲ့ပါ့မယ်"ပြောပြီး သူပျိုနဲ့အတူလိုက်ခဲ့သည်။သက်တန့် ပျို့ကို ကလပ်မသွားစေချင်ပါ။

သူ.....ပျို့ကို အရင်ကလို မာနကြီး၍ အနေတည်သော၊နာမည်နဲ့လိုက်အောင် တည်ငြိမ်အေးဆေးပြီး၊ဖြူစင်လှပသည့် လရောင်ပျိုအဖြစ်သာမြင်ချင်ပါသည်။
ယခုပျိုကတော့ အရင်ကနဲ့ဆန့်ကျင်ဘက်...... ဖြစ်နေသည်။

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Where stories live. Discover now