💗40💗

8.1K 508 13
                                    

*
******Zawgyi******

တစ်ခြမ်းယဲ့ယဲ့သာ ကျန်ရှိသော လခြမ်းရဲ့အလင်းရောင်နဲ့ မန်ကျည်းပင်မှာ ချိတ်ဆွဲထားသော ဝါကျင်ကျင် မီးလုံးလေးရဲ့ အလင်းရောင်က ငြိမ်းချမ်းစွာ အလင်းဖြာလျှက်ရှိသည်။
ထိုအလင်းရောင်သဲ့သဲ့အောက် ကွပ်ပျစ်ပေါ်မှာ
ခြေချထိုင်နေသော မျက်နှာပြည့်ပြည့် ကိုယ်လုံးသွယ်သွယ်၊ ဖြူသောအသားရေနဲ့ လိုက်ဖက်စွာ ချောလှပါသောေ
ကောင်လေး။ထိုကောင်လေးက သူ့ပေါင်ပေါ် ခေါင်းအုန်းအိပ်ကာ ဇိမ်ခံနေသော မဖြူမညို လတ်သော အသားရေနဲ့ ယောကျာ်းပီသသည်ထက်သာလွန်းသော ချောမောကာ ဆွဲဆောင်မှုအပြည့်နဲ့ ကောင်လေးရဲ့ ဆံပင်တွေကြားထဲ သူ့လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေနဲ့ ထိုးဖွ ဆော့ကစားကာ လက်ထိပ်လေးတွေနဲ့ ဦးရေပြားထက်နှိပ်နှယ်ပေးနေသည်။

"ကို...... နေ့လည်က မေမေနဲ့ဘာတွေပြောနေတာလဲ"သက်တန့်ပြန်လာတော့ မေမေ့ရင်ခွင်ထဲက မျက်ရည်စလေးတွေနဲ့ ကို့မျက်နှာလေးကို ပြန်မြင်မိတော့ သူမေးလိုက်မိခြင်းပါ။

"ဘာရယ် မဟုတ်ပါဘူး ဒယ်ဒီနဲ့မာမီလာတဲ့အခါ
ကိုတို့စေ့စပ်ပွဲလေးမှာ မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ရင် အကယ်၍များ တစ်ခုခု ဖြစ်ခဲ့ရင် ဆိုပြီး ပြောနေကြတာ မေမေကပြောတယ် ဘာအကြောင်းတွေပဲ ရှိခဲ့ရှိခဲ့ ညီနဲ့ကို မဝေးစေရပါဘူးတဲ့
ကိုလေ မေမေ့ကို အရမ်းကျေးဇူးတင်ပြီး ပျော်လွန်းလို့ မျက်ရည်ကျမိတဲ့အထိပဲ"သူ...ရင်ဘတ်ပေါ်ရှိ ညီ့လက်လေးကို ဆွဲယူ နမ်းရှိုက်ရင်းပြန်ဖြေမိသည်။ထိုအခါ ညီ့လက်ချောင်းသွယ်သွယ်လေးတွေက သူ့ပါးပြင်တစ်ဝိုက် ညင်သာစွာ ထိတွေ့ဆော့မြူနေရင်း........

"ဒီတော့....ကိုက မေမေ့ကို အပီချူပ်ထားတယ်
ပေါ့လေ ကိုက ဘာတွေစိုးရိမ်နေတာလဲ......
အားလုံး အဆင်ပြေနေပြီပဲဟာ
ပူစရာမရှိတာ တွေးပူနေတယ်"

".........."

"ဒါနဲ့ အန်ကယ်နဲ့အန်တီလာတဲ့ခါ စည်သူရောပါရင်ကောင်းမယ်နော် ညီတို့စေ့စပ်ပွဲလေးမှာ စည်သူ့ကိုလည်း
ရှိစေချင်တာ"

"အွင်းးးး စည်သူလည်းပါမှာ....
နေ့လည်က မာမီ ဖုန်းဆက်တယ်စည်သူလည်း ပါမယ်တဲ့ သူ့ Exam က လိုသေးတော့ သူလည်းလိုက်လာမှာ
ပြီး မာမီတို့က ရွာပါလိုက်ခဲ့ကြအုန်းမှာ
ရွာမှာ ၃/၄ရက်လောက်နေအုန်းမယ်တဲ့ဗျာ"

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ